နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်းပညာဒါနကျောင်းမှ ပြည်တွင်းရှိ နိုင်ငံတကာအဆင့်မှီ ဟိုတယ်ကြီးများတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန်အတွက် ပညာရည်မြင့်မားရေးနှင့် အလုပ်အကိုင် ရှာဖွေရေးတို့ကို အဓိက ရည်ရွယ်၍ အမှတ်စဉ် (၂၁) (၁/၂၀၁၉) ဟိုတယ်ဝန်ဆောင်မှု သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် ပတ်စ်ပို့ ဓာတ်ပုံ (၁) ပုံ၊ (၁၈) နှစ်ပြည့် မှတ်ပုံတင် မိတ္တူနှင့် အတူ နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
လူဦးရေ ကန့်သတ်ထား ပါသည်။
အင်တာဗျူးဖြေဆိုရမည့်ရက် - (၂၃.၂.၂၀၁၉)၊ နံနက်(၉း၃၀)
သင်တန်းစတင်တက်ရမည့်ရက် - (၂.၃.၂၀၁၉) (စနေနေ့)
သင်တန်းကာလ - (၃)လ
သင်တန်းအချိန်စာရင်း - (စနေနေ့၊ တနင်္ဂနွေနေ့၊ တနင်္လာ) နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီ အထိ
မှတ်ချက် - ကြားရက်များတွင် On Job Training ဆင်းရမည်ဖြစ်ပါသဖြင့် သင်တန်းကာလ (၃) လ လုံး အချိန်ပေးနိုင်ရပါမည်။
ပညာအရည်အချင်း အနိမ့်ဆုံး(၉) တန်း ဖြစ်ရပါမည်။ သင်တန်းနှင့် ပတ်သက်၍ အခကြေးငွေ တစ်စုံ တစ်ရာ ပေးသွင်းရန်မလိုပါ။
အသေးစိတ်သိရှိလိုပါက သုခအလင်းပညာဒါနကျောင်း ဖုန်း ၀၉-၄၂၁၀၁၉၁၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။