HND Level 5 Diploma ပြီးဆုံးထားသူများအတွက် သြစတြေးလျနိုင်ငံ Central Queensland University ၏ ကျောင်းဝင်ခွင့်နှင့် ဘာသာရပ် ကင်းလွတ်ခွင်များ အကြောင်းကို အသေးစိတ်သိရှိနိုင်စေရန် ပညာရေး ဆွေးနွေး ပွဲတစ်ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်၊ ကြာသာပတေးနေ့၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်အထိ AT&S (Oversea Education Service) တွင် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
CQ University သည် သြစတြေးလျ နိုင်ငံ၏ ကမ္ဘာ့အကောင်းဆုံး ၂% စာရင်းဝင် တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး Vocational ပညာရေးဖြင့်ပေါင်းစပ်သင်ကြားသော တက္ကသိုလ် ဖြစ်သောကြောင့် HND Diploma ပြီးဆုံးထားသူ များအတွက် ဘာသာရပ် ကင်းလွတ်ခွင့် အများဆုံး ရရှိနိုင်သော တက္ကသိုလ် တစ်ခုလည်းဖြစ်သည်။
၂၅ နှစ်ကျော် သက်တမ်းရှိသော CQ University သည် Queensland ပြည်နယ်၏ Regional တက္ကသိုလ်တစ်ခု ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန်အတွက် Brisbane၊ Sydney၊ Adelaide၊ Perth၊ Melbourne စသော မြို့ကြီးများတွင် ကျောင်း ခွဲများဖွင့်လှစ်ထားသောကြောင့် မိမိနှစ်သက်သော မြို့တွင် တက်ရောက်သင်ကြားနိုင်မည်လည်း ဖြစ်သည်။
ထို့အပြင် CQ University ၏ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဆေးပညာ နှင့် ကွန်ပျူတာ ဘွဲဒီဂရီများကို ဘာသာရပ် များပေါ်မူတည်ပြီး Internship နှင့် Work integrated Learning များလျောက်ထားနိုင်ပြီး ကျောင်းပြီးဆုံး ပါက အလုပ်အကိုင် ရရှိမှုနှင့် အခြေချနေထိုင်ရန် အခွင့်အရေး များလည်းရရှိနိုင်မည်ဖြစ်သည်။
HND ဒီပလိုမာ (စီးပွားရေး) ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူ များသည်လည်း နောက်ဆုံးနှစ် သို့တိုက်ရိုက် တက်ရောက်နိုင်ပြီး ဘွဲ့ဒီဂရီ ရရှိ နိုင်မည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အထက်တန်းအောင်မြင်ပြီးသူများ ၊ HND Diploma ပြီးဆုံးထားသူများ နှင့် ဘွဲ့လွန်တက်ရောက်လိုသူများ တက်ရောက်နိုင်ပြီး အသေးစိတ်အချက်အလက်များ စုံစမ်းမေးမြန်းလိုပါက AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း - ၀၉ ၅၀၆ ၂၁၆၁ ၊၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ ဆက်သွယ်နိုင်ပါသည်။