လာမည့္ပညာသင္ႏွစ္တြင္ ျပဳျပင္ေျပာင္းလဲမည့္ Grade-10 သင္ရိုးသစ္သင္တန္းကို တုိင္းေဒသၾကီးျပည္နယ္မ်ားမွ အထက္တန္းျပ (၅၀၀) ေက်ာ္တက္ေရာက္ရမည္ျဖစ္ေၾကာင္းသိရသည္။
အေျခခံပညာေရးစနစ္သစ္ KG+12 ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္သည့္ အစီအစဥ္အရ (၂၀၂၀-၂၀၂၁) ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္ Grade-10 သင္ရိုးသစ္ကို ထိေရာက္စြာသင္ၾကားႏိုင္ေရးအတြက္ သင္ရိုးသစ္သင္တန္းေဆြးေႏြးပဲြကို ႏိုဝင္ဘာလ (၁၃) ရက္ေန႔မွ (၂၇) ရက္ေန႔အထိ ရန္ကုန္ပညာေရးတကၠသိုလ္တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။
“တခ်ိဳ႕ေက်ာင္းေတြက ဆရာအေရအတြက္နည္းတာ၊ ဘာသာရပ္ကိုက္ညီမႈမျပည့္စံုေသးတာေတြအတြက္ေတာ့ အတတ္ႏိုင္ဆံုးမဟာဘဲြ႔ရထားတဲ့ ဆရာေတြထဲကေရြးခ်ယ္ေစလႊတ္ရင္ရပါတယ္” ဟု အေျခခံပညာဦးစီးဌာနမွ အရာရွိတစ္ဦးကေျပာသည္။
အထက္တန္းအဆင့္ Grade-10 သင္ရိုးသစ္သင္တန္းေဆြးေႏြးပဲြကို တုိင္းေဒသၾကီးျပည္နယ္တစ္ခုစီမွ ဆရာ၊ ဆရာမ (၃၀) ဦးစီ၊ စုစုေပါင္း အထက္တန္းျပ ဆရာ၊ ဆရာမ (၅၄၀) ဦး တက္ေရာက္ရမည္ျဖစ္ေၾကာင္း၊ ဘာသာရပ္တစ္ခုလွ်င္ ဆရာ၊ ဆရာမ (၃) ဦးစီ ပါဝင္ရမည္ျဖစ္ၿပီး ယင္းဆရာ၊ ဆရာမမ်ားသည္ တုိင္းေဒသၾကီးျပည္နယ္အဆင့္ဆင့္ပြားသင္တန္းမ်ားတြင္ သင္တန္းနည္းျပမ်ားအျဖစ္ ျပန္လည္ပို႔ခ်ေပးရမည္ျဖစ္ေၾကာင္းသိရသည္။
Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။
သင္တန္းတက္ေရာက္ရမည့္ ဆရာ၊ ဆရာမမ်ားထဲမွ ပထဝီ၊ သမိုင္း၊ ေဘာဂႏွင့္ ကာယပညာဘာသာရပ္ျဖင့္ တက္ေရာက္မည့္ဆရာ၊ ဆရာမမ်ားသည္ ဘဝတြက္တာကြ်မ္းက်င္စရာ၊ ပန္းခ်ီ၊ ဂီတ၊ စာရိတၱႏွင့္ ျပည္သူ႔နီတိဘာသာရပ္မ်ားကိုပါ တဲြဖက္တက္ေရာက္ရမည္ျဖစ္ေၾကာင္း၊ ယင္းအတြက္သင္တန္းတက္ေရာက္မည့္ ဆရာ၊ ဆရာမမ်ားကိုေစလႊတ္ရာတြင္ သက္ဆိုင္ရာဘာသာရပ္မ်ားကို သင္ၾကားေနသည့္ ဆရာ၊ ဆရာမမ်ားကို ေစလႊတ္ရန္ (ဘာသာရပ္မွဴးမ်ား (သို႔) သက္ဆိုင္ရာဘာသာရပ္ျဖင့္ မဟာဘဲြ႔ရရွိထားသူမ်ား) ကိုသာေစလႊတ္ရန္၊ ကာယပညာ၊ ပန္းခ်ီ၊ ပညာဘာသာရပ္မ်ားအတြက္ အထက္တန္းျပဆရာ၊ ဆရာမမ်ားကို ဦးစားေပးေစလႊတ္ရန္ (ပညာေရးတကၠသိုလ္ေကာလိပ္မ်ားမွ အထူးျပဳယူခဲ့သူမ်ားကိုသာ ဦးစားေပးရန္) ညႊန္ၾကားထားေၾကာင္းသိရသည္။
ယင္းသင္တန္းအတြက္ အၿငိမ္းစားယူရန္ ကာလနီးကပ္ေနသူမ်ား၊ ကိုယ္ဝန္ေဆာင္ဆရာ၊ ဆရာမမ်ား၊ က်န္းမာေရးမျပည့္စံုသူမ်ားအား ေစလႊတ္ျခင္းမျပဳရန္ကိုလည္း ညႊန္ၾကားထားသည္။
Source: Democracy
**Unicode**
လာမည့်ပညာသင်နှစ်တွင် ပြုပြင်ပြောင်းလဲမည့် Grade-10 သင်ရိုးသစ်သင်တန်းကို တိုင်းဒေသကြီးပြည်နယ်များမှ အထက်တန်းပြ (၅၀၀) ကျော်တက်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။
အခြေခံပညာရေးစနစ်သစ် KG+12 ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အစီအစဉ်အရ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်တွင် အထက်တန်းအဆင့် Grade-10 သင်ရိုးသစ်ကို ထိရောက်စွာသင်ကြားနိုင်ရေးအတွက် သင်ရိုးသစ်သင်တန်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၂၇) ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
“တချို့ကျောင်းတွေက ဆရာအရေအတွက်နည်းတာ၊ ဘာသာရပ်ကိုက်ညီမှုမပြည့်စုံသေးတာတွေအတွက်တော့ အတတ်နိုင်ဆုံးမဟာဘွဲ့ရထားတဲ့ ဆရာတွေထဲကရွေးချယ်စေလွှတ်ရင်ရပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။
အထက်တန်းအဆင့် Grade-10 သင်ရိုးသစ်သင်တန်းဆွေးနွေးပွဲကို တိုင်းဒေသကြီးပြည်နယ်တစ်ခုစီမှ ဆရာ၊ ဆရာမ (၃၀) ဦးစီ၊ စုစုပေါင်း အထက်တန်းပြ ဆရာ၊ ဆရာမ (၅၄၀) ဦး တက်ရောက်ရမည်ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုလျှင် ဆရာ၊ ဆရာမ (၃) ဦးစီ ပါဝင်ရမည်ဖြစ်ပြီး ယင်းဆရာ၊ ဆရာမများသည် တိုင်းဒေသကြီးပြည်နယ်အဆင့်ဆင့်ပွားသင်တန်းများတွင် သင်တန်းနည်းပြများအဖြစ် ပြန်လည်ပို့ချပေးရမည်ဖြစ်ကြောင်းသိရသည်။
Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။
သင်တန်းတက်ရောက်ရမည့် ဆရာ၊ ဆရာမများထဲမှ ပထဝီ၊ သမိုင်း၊ ဘောဂနှင့် ကာယပညာဘာသာရပ်ဖြင့် တက်ရောက်မည့်ဆရာ၊ ဆရာမများသည် ဘဝတွက်တာကျွမ်းကျင်စရာ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များကိုပါ တွဲဖက်တက်ရောက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက်သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများကိုစေလွှတ်ရာတွင် သက်ဆိုင်ရာဘာသာရပ်များကို သင်ကြားနေသည့် ဆရာ၊ ဆရာမများကို စေလွှတ်ရန် (ဘာသာရပ်မှူးများ (သို့) သက်ဆိုင်ရာဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသူများ) ကိုသာစေလွှတ်ရန်၊ ကာယပညာ၊ ပန်းချီ၊ ပညာဘာသာရပ်များအတွက် အထက်တန်းပြဆရာ၊ ဆရာမများကို ဦးစားပေးစေလွှတ်ရန် (ပညာရေးတက္ကသိုလ်ကောလိပ်များမှ အထူးပြုယူခဲ့သူများကိုသာ ဦးစားပေးရန်) ညွှန်ကြားထားကြောင်းသိရသည်။
ယင်းသင်တန်းအတွက် အငြိမ်းစားယူရန် ကာလနီးကပ်နေသူများ၊ ကိုယ်ဝန်ဆောင်ဆရာ၊ ဆရာမများ၊ ကျန်းမာရေးမပြည့်စုံသူများအား စေလွှတ်ခြင်းမပြုရန်ကိုလည်း ညွှန်ကြားထားသည်။
Source: Democracy