ယခုနှစ်မှစ၍ ၁၀ တန်းဖြေဆိုသည့် ကျောင်းသား/သူများကို အထက်အတန်းအဆင့်ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ် ပေးမည်

ယခုနှစ်မှစ၍ ၁၀ တန်းဖြေဆိုသည့် ကျောင်းသား/သူများကို အထက်အတန်းအဆင့်ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ် ပေးမည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသည့်စနစ်ကို ဆက်လက်ကျင့်သုံးမည် ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/သူများ High School Complete Certification (အထက်အတန်း အဆင့်ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်) ပေးအပ်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

"တက္ကသိုလ်ဝင်ခွင့်ဖြေဆိုတဲ့ စာမေးပွဲစနစ်ကတော့ ရှိဦးမှာဖြစ်ပါတယ်၊ GCEA တို့ ဘာတို့ဆိုတာ ဒီလိုပုံစံပါပဲ၊ အခုကလေးတွေကို High School Complete Certificate ပေးပြီလေ၊ ဆိုလိုတာက အဲဒီကတ်ရတဲ့ ကလေးတွေအနေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေက လက်ခံရင်လည်း သွားလို့ ရပြီ၊ တက္ကသိုလ်တွေက ဖွင့်တဲ့ သူ့သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ သင်တန်းတွေကိုလည်း တက်လို့ရပြီ၊

အဲဒီကတ်က အရင်တုန်းက ဆယ်တန်းကို က နဲ့ ခ ခွဲခြားသလိုတော့ မဟုတ်ပါဘူးနော်။ ဆယ်တန်းဖြေဆဲ့ ကလေးတွေအကုန်လုံး လက်မှတ်တွေ ရသွားမှာပါ၊

 High School Complete Certification မရှိတဲ့အတွက် အလယ်တန်းအောင်အဖြစ်ပဲ သတ်မှတ်ခံရတဲ့အခါ နစ်နာမှုတွေ ဖြစ်စေပါတယ်" ဟု ဒေါက်တာ မျိုးသိမ်းကြီး ကပြောသည်။

"အခုထုတ်ပေးမယ့် High School Complete Certificate ဆိုတာက ဆယ်တန်းကို ပြီးဆုံးအောင် တက်ရောက်ဖြေဆိုတဲ့ ကလေးတိုင်းကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဆယ်တန်း အကျအရှုံးနဲ့ မဆိုင်ပါဘူး" ဟု ရှင်းပြသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများအား မည်သည့်ပုံစံ၊ မည်သည့် စနစ်ဖြင့် ဆက်လက်ကျင့်သုံးသွားမလဲဟု ထပ်မံ မေးမြန်းရာ ယင်းစနစ်အတွက် လုပ်ဆောင်နေဆဲသာဖြစ်ပြီး အချိန်ခဏစောင့်ပေးရဦးမည် ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။

News Read 9933 times