အထက်တန်းပြဆရာများကို ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းပေးမည်

အထက်တန်းပြဆရာများကို ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းပေးမည်

တက္ကသိုလ်ဝင်တန်းသင်ဘာသာရပ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ အထက်တန်းပြ ဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ပေးမည်ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါသည်။

 

ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲမှစ၍ တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် (၁၀) ခုအနက် စိတ်ကြိုက်မြန်မာစာဘာသာရပ်မှလွှဲ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံအသစ် ပြောင်းလဲခဲ့ရာ တက္ကသိုလ်များမှ ဆရာ/ဆရာမများက တက္ကသိုလ်ဝင်တန်းသင် အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများကို ထိုမေးခွန်းပုံစံသင်များအတွက် သင်တန်းပို့ချမည် ဖြစ်ပါသည်။

 

ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းတွေဖွင့်ဖို့၊ တက္ကသိုလ်တွေနှင့် ညှိလုပ်ဖို့ တိုင်းပညာရေးမှူးရုံးတွေကို ပြောထားတာပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး မေးခွန်းပုံစံပြောင်းထားတော့ ကလေးတွေကို ထိထိရောက်ရောက် သင်ပေးနိုင်ဖို့ ဆရာမတွေကို စွမ်းရည်မြှင့် သင်တန်းပေးတာပါ။ အခုတချို့တိုင်းတွေမှာ စဖွင့်နေပြီ " ဟုအခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါသည်။

 

Read More>>>ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာသင်တန်း အောက်တိုဘာတွင် ဖွင့်လှစ်မည်

 

ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအပြင် ကိုယ်ပိုင်ကျောင်းသင် ဆရာ/ဆရာမများကိုပါ သင်တန်းပို့ချမည်ဖြစ်ပါသည်။

 

တက္ကသိုလ်ဝင်တန်းကို သင်ရိုးသစ်မပြောင်းလဲပဲ လက်ရှိသင်ရိုးအတိုင်း သင်ကြားနေသော်လည်း ဘာသာရပ်() ခု၏ စာမေးပွဲမေးခွန်းကို စဉ်းစားတွေးခေါ်မှု ဦးစားပေးသည့် မေးခွန်းပုံစံအဖြစ်ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲက စတင်ပြောင်းလဲမေးမြန်းခဲ့ပါသည်။

 

Source: 7Day News

 

News Read 2578 times