Sales Hotline : 09448001653       Download App



GTI ကျောင်းဆင်းများကို တစ်နှစ်သင်တန်းထပ်ပေး၍ BE ဘွဲ့ပေးအပ်မည်

** Unicode **

အမေရိကန်အခြေစိုက် International Vocational Education and Training Associations (IVETA) သည် အဖွဲ့ဝင်နိုင်ငံ တစ်ရာကျော်ရှိပြီး သက်မွေးပညာကျောင်းဆင်းတွေကို အရည်အသွေးမြင့်တင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် IVETA အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ နိုင်ငံတစ်ခုခုထဲမှ အင်ဂျင်နီယာတက္ကသိုလ် တစ်ခုခုနဲ့ ချိတ်ဆက်ပြီး GTI (၃) နှစ်ကျောင်းဆင်းများကို တစ်နှစ်သင်တန်းထပ်မံပို့ချပြီး BE ဘွဲ့ပေးရန် ကြိုးပမ်းလျက်ရှိကြောင်းသိရပါတယ်။

IVETA အဖွဲ့ဝင်နိုင်ငံပေါင်းသည် တစ်ရာကျော်ရှိပါတယ်။ နိုင်ငံရဲ့သက်မွေးပညာရပ် အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာကို ပြခွင့်ရှိလာမှာလည်းဖြစ်ပါတယ်။
IVETA နဲ့ တရားဝင်ကျောင်းများတွဲဖက်ဖွင့်ခွင့်ရပြီဆိုပါက GTI သင်တန်းဆင်း ကျောင်းသား/သူများကို တစ်နှစ်သင်တန်းထပ်ပေး၍ Master Degree တစ်ခုခုထပ်ရမည်ဖြစ်ပါတယ်ကျောင်းသား/သူများပိုမိုအထောက်အကူပြုစေရန်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

၎င်းအပြင်မြန်မာနိုင်ငံမှာ IVETA ကိုဖိတ်ခေါ်ပြီး သက်မွေးပညာကျောင်းများနှင့် ပတ်သက်သည့်ပွဲတစ်ခုကို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကျင်းပသွားမည်ဟုလည်းသိရပါတယ်။ နိုင်ငံတော်မှလည်း သက်မွေးပညာကျောင်းများနှင့်ပတ်သက်ပြီး ပညာရေးအခန်းကဏ္ဍကို အားပေးလာသည့်အတွက် GTI ပညာရေးကို စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်လာသည်ဟု သိရပါတယ်။
GIT ကျောင်းသား/သူများ အနေဖြင့် IVETA ကို ဝင်ခွင့်ရပါက နိုင်ငံခြားတက္ကသိုလ်များကို ကိုယ်စားပြုပြီးကျောင်းဖွင့်မှာဖြစ်ပြီး နိုင်ငံခြားမှာ ဘွဲပေးမည်ဖြစ်ပါတယ်။

၎င်းနိုင်ငံခြားနှင့်ချိတ်ဆက်ထားသည့်တက္ကသိုလ်များတွင် ဘွဲ့ရရှိပါက ၎င်းနှင့်သက်ဆိုင်သော နိုင်ငံများတွင်ပါ အလုပ်အကိုင်ရရှိနိုင်ရန် စီစဉ်နေကြောင်းသိရပါတယ်။

စက်မှု့လက်မှု့သိပ္ပံ အင်းစိန် GTI ကျောင်းကို ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
Credit: CNTV News( Youtube)
(www.edge.com.mm)
 

** Zawgyi **

အေမရိကန္အေျခစိုက္ International Vocational Education and Training Associations (IVETA) သည္ အဖြဲ႔ဝင္ႏိုင္ငံ တစ္ရာေက်ာ္ရွိၿပီး သက္ေမြးပညာေက်ာင္းဆင္းေတြကို အရည္အေသြးျမင့္တင္ေပးေနသည့္ အဖြဲ႔အစည္းတစ္ခုျဖစ္ပါတယ္။

ထို႔ေၾကာင့္ IVETA အဖြဲ႔ဝင္ႏိုင္ငံမ်ားျဖစ္သည့္ ကေနဒါ၊ နယူးဇီလန္၊ ၾသစေၾတးလ် ႏိုင္ငံတစ္ခုခုထဲမွ အင္ဂ်င္နီယာတကၠသိုလ္ တစ္ခုခုနဲ႔ ခ်ိတ္ဆက္ၿပီး GTI (၃) ႏွစ္ေက်ာင္းဆင္းမ်ားကို တစ္ႏွစ္သင္တန္းထပ္မံပို႔ခ်ၿပီး BE ဘြဲ႔ေပးရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းသိရပါတယ္။

IVETA အဖြဲ႔ဝင္ႏိုင္ငံေပါင္းသည္ တစ္ရာေက်ာ္ရွိပါတယ္။ ႏိုင္ငံရဲ႕သက္ေမြးပညာရပ္ အတိုင္းအတာ ဘယ္ေလာက္ရွိတယ္ဆိုတာကို ျပခြင့္ရွိလာမွာလည္းျဖစ္ပါတယ္။
IVETA နဲ႔ တရားဝင္ေက်ာင္းမ်ားတြဲဖက္ဖြင့္ခြင့္ရၿပီဆိုပါက GTI သင္တန္းဆင္း ေက်ာင္းသား/သူမ်ားကို တစ္ႏွစ္သင္တန္းထပ္ေပး၍ Master Degree တစ္ခုခုထပ္ရမည္ျဖစ္ပါတယ္ေက်ာင္းသား/သူမ်ားပိုမိုအေထာက္အကူျပဳေစရန္ျဖစ္ေၾကာင္း တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

၎အျပင္ျမန္မာႏိုင္ငံမွာ IVETA ကိုဖိတ္ေခၚၿပီး သက္ေမြးပညာေက်ာင္းမ်ားႏွင့္ ပတ္သက္သည့္ပြဲတစ္ခုကို ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာ က်င္းပသြားမည္ဟုလည္းသိရပါတယ္။ ႏိုင္ငံေတာ္မွလည္း သက္ေမြးပညာေက်ာင္းမ်ားႏွင့္ပတ္သက္ၿပီး ပညာေရးအခန္းက႑ကို အားေပးလာသည့္အတြက္ GTI ပညာေရးကို စိတ္ဝင္စားမႈမွာ ပိုမိုျမင့္တက္လာသည္ဟု သိရပါတယ္။
GIT ေက်ာင္းသား/သူမ်ား အေနျဖင့္ IVETA ကို ဝင္ခြင့္ရပါက ႏိုင္ငံျခားတကၠသိုလ္မ်ားကို ကိုယ္စားျပဳၿပီးေက်ာင္းဖြင့္မွာျဖစ္ၿပီး ႏိုင္ငံျခားမွာ ဘြဲေပးမည္ျဖစ္ပါတယ္။

၎ႏိုင္ငံျခားႏွင့္ခ်ိတ္ဆက္ထားသည့္တကၠသိုလ္မ်ားတြင္ ဘြဲ႔ရရွိပါက ၎ႏွင့္သက္ဆိုင္ေသာ ႏိုင္ငံမ်ားတြင္ပါ အလုပ္အကိုင္ရရွိႏိုင္ရန္ စီစဥ္ေနေၾကာင္းသိရပါတယ္။

စက္မႈ႕လက္မႈ႕သိပၸံ အင္းစိန္ GTI ေက်ာင္းကို ၂၀၀၇ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံသို႔ လႊဲေျပာင္းေပးခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ ပညာေရးဖြံ႔ၿဖိဳးတိုးတက္ေစရန္အတြက္ ပညာေရးဝန္ႀကီးဌာနကို ျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ပါတယ္။
Credit: CNTV News( Youtube)
(www.edge.com.mm)
 

Latest Post News Tips Read 12358 times