အသက်အရွယ် ကျားမ မရွေး တက်ရန်လိုသော သူများအားလုံး လာရောက် လျှောက်ထားနိုင်ပါတယ်.... Eng+Maths ၂ ဘာသာ စုစုပေါင်း အမှတ်ကို ကြည့်၍ သင်တန်းသားများအား ခေါ်ယူသွားမည် ဖြစ်သည်။
GTI ကျောင်းများ သည် ၃ နှစ်တာ သင်တန်းဖြစ်ပြီး စာတွေ့ရော လက်တွေ့ပါ သင်ကြားပေးပါသည်။
လျှောက်လွှာများ ထုတ်ပေးပြီး သင်တန်းသားခေါ်ယူသောအခါ အမှန်တကယ် တက်ရောက်လိုသူများသာ လျှောက်ထားပေးရန် တောင်းဆိုလိုပါသည်။
မိမိမှာ တက်ခွင့်ရသော်လည်း မတက်ရောက်လိုတော့သောအခါ မိမိထက် အမှတ်အနည်းငယ်သာ ကွာသော အမှန်တကယ် တက်ရောက်လိုသူများ နစ်နာရမည်ကို တွေးစေချင်ပါသည်။
G.T.I ဝင်ဖို့ (၂)နည်း ရှိပါတယ်။
ဒီနှစ်ဆယ်တန်းအောင်ထားတဲ့ ကလေးတွေသိစေရန်
၁။ T H S လို့ခေါ်တဲ့ နည်းပညာအထက်တန်းကျောင်းက အောင်မြင်သူတွေက အရည်အချင်းပြည့်မှီရင် တက်လို့ရပါတယ်။
၂။ ဆယ်တန်း အင်္ဂလိပ်စာ သင်္ချာနှစ်ဘာသာပေါင်း ရမှတ်နဲ့ ခေါ်တာပါ။
အမှတ်က လျှောက်တဲ့ဦးရေပေါ်မူတည်တာကြောင့် တစ်နှစ် နှင့် တစ်နှစ် မတူပါ။
လူဦးရေ အကန့်အသတ်နဲ့ အမှတ်ကို ဖြတ်ချ မှာပါ။ အင်းစိန် G T I ကတော့ ဝင်ခွင့်ဖြေရမည်ဟု သိရပါတယ်။
GTI ကျောင်းများမှာ
(၁) မိုးညှင်း
(၂) ပူတာအို
(၃) ခန္တီး
(၄) ကန့်ဘလူ
(၅) ရွှေဘို
(၆) ကျောက်ဆည်
(၇) ကျောက်ပန်းတောင်း
(၈) မြင်းခြံ
(၉) ဂန့်ဂေါ
(၁၀) မကွေး
(၁၁) ချောက်
(၁၂) ရေနံချောင်း
(၁၃) သရက်
(၁၄) လက်ပံတန်း
(၁၅) ရွှေပြည်သာ
(၁၆) ဝါးခယ်မ
(၁၇) လပွတ္တာ
(၁၈) ကျိုတ်လတ်
(၁၉) မော်လမြိုင်
(၂၀) ရန်ကုန် (အင်းစိန်)
(၂၁) မန္တလေး တို့ဖြစ်ပါတယ်။
GTIမှာ သင်ရမည့် မေဂျာတွေကတော့
1. Civil
2. EC
3. EP
4. Mechanical
5. IT
အစရှိတဲ့ မေဂျာဘာသာရပ်တွေ သင်ပါတယ်။
တစ်ကျောင်း နှင့် တစ်ကျောင်း မေဂျာ ရှိတာ မတူပါ။
G T I တွေကို တက်ခြင်းအားဖြင့် (၃) နှစ်ပဲ တက်ရတဲ့အတွက် နှစ်တိုတို နဲ့ Diploma ရပါတယ်။ (ဘွဲ့ မဟုတ်ပါ)။
ကျောင်းသားတိုင်းကို နိုင်ငံတော်မှ ထောက်ပံ့ကြေး တလ ကျပ် (၃၀၀၀၀) ပေးပါသည်။စာမေးပွဲ ကျသည့်နှစ်တွင် ထောက်ပံ့ကြေးမရပါ။ အောင်ရင် ဆက်လက် ထောက်ပံ့ပါသည်။
G T I က ထူးချွန်စွာအောင်မြင်သူများကို TU တွေကို ပေါင်းကူးပြီး တက်ခွင့်ရပါတယ်။
TU မှာ (၄) နှစ် တက်ပြီးရင် B.E ဘွဲ့ ချီးမြှင့်ပါတယ်။ TU ကို ပေါင်းကူးတက်ရန်အတွက် အထူးကြိုးစားရပါမည်။
အင်ဂျင်နီယာကို တကယ်စိတ်ဝင်စားသော်လည်း TU အမှတ်မမှီတဲ့ ကျောင်းသား၊ ကျောင်းသူများ တက်သင့်ပါတယ်။
GTI လက်မှတ်နဲ့ အဝေးသင်ပြန်လည် လျှောက်ထားပါက သိပ္ပံတွဲယူမည်ဆိုရင် ဒုတိယနှစ်မှ စတင်တက်လို့ရပါသည်။
စဉ် |
လုပ်ငန်းစဉ်များ |
လျာထားသည့်ရက် |
ကြာမြင့်ချိန် |
(က) |
သတင်းစာတွင် ၀င်ခွင့်ကြေညာခြင်း |
(၈-၁၀-၂၀၁၈) ရက်နေ့မှ (၁၂-၁၀-၂၀၁၈) ရက်နေ့ အထိ |
(၅) ရက် |
(ခ) |
လျှောက်လွှာများစတင် ထုတ်ပေးခြင်းနှင့် စိစစ်လက်ခံခြင်း |
(၁၀-၁၀-၂၀၁၈) ရက်နေ့မှ (၂၉-၁၀-၂၀၁၈) ရက်နေ့ အထိ |
(၂၀) ရက် |
(ဂ) |
ကျောင်းအလိုက် သင်တန်းသားရွေးချယ်ရေး ကိစ္စများ ဆောင်ရွက်ခြင်း |
(၃၀-၁၀-၂၀၁၈) ရက်နေ့မှ (၃-၁၁-၂၀၁၈) ရက်နေ့အထိ |
(၅) ရက် |
(ဃ) |
ကျောင်းအလိုက် သင်တန်းသားရွေးချယ်ခြင်း ကိစ္စရပ်များ ဦးစီးဌာနသို့ လမ်းညွှန်မှုခံယူခြင်း |
(၄-၁၁-၂၀၁၈) ရက်နေ့မှ (၂၃-၁၁-၂၀၁၈) ရက်နေ့အထိ |
(၂၀) ရက် |
(င) |
ဝင်ခွင့်ရသူများစာရင်း ထုတ်ပြန်ကြေညာခြင်း |
(၂၆-၁၁-၂၀၁၈) ရက်နေ့ |
(၁) ရက် |
(စ) |
ကျောင်းအပ်လက်ခံမည့်ရက် |
(၂၇-၁၁-၂၀၁၈) ရက်နေ့မှ (၁၇-၁၂-၂၀၁၈) ရက်နေ့အထိ |
(၂၁) ရက် |
(ဆ) |
ကျောင်းစတင်ဖွင့်လှစ်မည့်ရက် |
(၃-၁၂-၂၀၁၈) ရက်နေ့ |
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: agti students page