အမေရိကန်နိုင်ငံ Green River College ၏ ကျောင်းတက်ရောက်လိုသူများ စတင်လျှောက်ထားနိုင်

အမေရိကန်နိုင်ငံ Green River College ၏ ကျောင်းတက်ရောက်လိုသူများ စတင်လျှောက်ထားနိုင်

ကျောင်းသူများအတွက် အမေရိကန်နိုင်ငံ Green River College တွင် လျှောက်လွှာများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါကောလိပ်၏ (2 +2) program သည် ၉ တန်း၊ ၁၀ တန်း ပြီးမြောက်အောင်မြင်သည်နှင့် ဘွဲ့ဒီဂရီတန်းအတွက် ပထမနှစ်နှင့် ဒုတိယနှစ်ကို Green river College တွင် တက်ရောက်ရမည်ဖြစ်ပြီး ကျန် တတိယနှစ်နှင့် နောက်ဆုံးနှစ်ကို University Transfer Credits ဖြင့် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို ကူးပြောင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

အင်္ဂလိပ်စာသတ်မှတ်ချက်က TOEFL (61/173/500), IELTS (5.5 or no band lower than 5.0) ရှိရမည် ဖြစ်ပြီး TOEFL or IELTS မရှိသော ကျောင်းသား/သူများအတွက် Green River College ၏ English Placement Test ကို ဖြေဆိုရမည်ဟု သိရပါတယ်။

 

လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၂၃၄၊ ရွှေဘုံသာအလယ်လမ်း (အလယ်ဘလောက်)၊ ပန်းပဲတန်းမြို့နယ် Myanmar Search International (MSI) ရုံးခန်း ဖုန်း- ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

Source: Internet

News Read 2361 times