အခြေခံပညာဦးစီးဌာနလက်အောက်မှ ဘွဲ့ရ၀န်ထမ်းများကို ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားခွင့်ပြုတော့မည်

အခြေခံပညာဦးစီးဌာနလက်အောက်မှ ဘွဲ့ရ၀န်ထမ်းများကို ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားခွင့်ပြုတော့မည်

အခြေခံပညာကဏ္ဍတွင် နှစ်စဉ်လိုအပ်နေသော ဆရာ၊ ဆရာမရာထူးနေရာအသီးသီးကို ဖြည့်ဆည်းနိုင်ရန်အတွက် ယခင်ကပြင်ပဘွဲ့ရများကို ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားခွင့်ပေးခဲ့သည်။

၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်ကာ ၄င်းတို့ကိုခန့်ထားခြင်းမရှိတော့ဘဲ ပညာရေးကောလိပ်၊ တက္ကသိုလ်များမှ ဆင်းသည့်သူများကိုသာ ခန့်ထားခဲ့ကြောင်းသည်။

လက်ရှိအခြေခံပညာကဏ္ဍရှိ ကျောင်းများရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို လိုအပ်သော ဆရာ၊ ဆရာမ နေရာများအား ဖြည့်ဆည်းနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနကို တင်ပြထားရာ ခန့်ထားခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို ဆရာ၊ ဆရာမလျှောက်ခွင့်တော့ပြုပြီ။ အခုတော့ မြို့နယ်အလိုက် လျှောက်ထားခွင့်ပေးဖို့လည်း အကြောင်းကြားထားပြီးပါပြီ။

အခြေခံပညာကဏ္ဍတွင် လိုအပ်နေသော ဆရာ၊ ဆရာမရာထူးနေရာများကို ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို ခန့်ထားမည်ဖြစ်ပါက ၄င်းတို့ကို သင်တန်းများအရင်ဆုံး ပေးအပ်ပြီးမှသာ ခန့်ထားမည် ဖြစ်သည်။

သင်ကြားသင်ယူမှုလုပ်ငန်းများကောင်းမွန်စေရန်အတွက် သင်တန်းမပေးဘဲ ခန့်ထားခြင်းများကို ပြုလုပ်တော့မည်မဟုတ်ကြောင်း သိရသည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ဖွဲ့စည်းပုံအရ ဆရာ၊ ဆရာမရာထူးတိုး အပြောင်းအရွှေ့များနှင့် ခန့်ထားရေးများကို ဆောင်ရွက်ခဲ့ပြီး နောက်ထပ်မံလိုအပ်လာသည့် ဆရာ/မရာထူးနေရာများရှိ နေရာတစ်နိုင်ငံအတိုင်းအတာဖြင့် ဆရာ/မ တစ်သောင်းခွဲကျော် လိုအပ်နေသည်။

ယင်းကဲ့သို့လိုအပ်ရာတွင် အထက်တန်းပြရာထူးနေရာများမှာ အဆင်ပြေနေသော်လည်း မူလတန်းနှင့်အလယ်တန်းပြရာထူးနေရာများမှာ ပိုမိုလိုအပ်နေပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း လေးသောင်းခွဲကျော်ရှိနေပြီး ဆရာ/မပေါင်း သုံးသိန်းကျော် ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 13770 times