Source: ကြေးမုံ
**Unicode**
သတင်းအချက်အလက်နည်းပညာတက္ကသိုလ် သတင်းအချက်အလက်နည်းပညာပါရဂူဘွဲ့ သင်တန်းသား/သူ များခေါ်ယူခြင်း ဖြစ်ပါသည်။
၁။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် သတင်းအချက်အလက်နည်းပညာပါရဂူဘွဲ့သင်တန်း (Ph.D – IT) သင်တန်း၊ အပတ်စဉ် (၄) ကို (၂.၁၂.၂၀၁၉) ရက်၊ တင်္နလာနေ့ တွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။
၂။ အထက်ပါ ပါရဂူဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး စုစုပေါင်း (၃) နှစ် သင်တန်းဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
(က) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကွန်ပျူတာဘာသာရပ် (သို့) အလားတူ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဘာသာရပ်အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(ဂ) ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။
(ဃ) သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။
(င) သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများသည် Refree (၂) ဦးထံမှ Letter of Recommendation တင်ပြနိုင်ရမည်။
(စ) သင်တန်းလျှောက်လွှာနှင့်အတူ မိမိပြုလုပ်လိုသော သုတေသနမူကြမ်း (Research Proposal) ပူးတွဲတင်ပြနိုင်သူဖြစ်ရမည်။
Notary (56) စာချူပ်စာတမ်းကိစ္စရပ်များနှင့် ပတ်သက်ပြီး (56) ခုရှာရန်နှိပ်ပါ။
၄။ သင်တန်းတက်ရောက်ရန်လျှောက်ထားသူများအနက် အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သင်တန်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ (Entrance Exam) ကို အောက်ပါအတိုင်းဖြေဆိုရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် ဘာသာရပ်ဆိုင်ရာများ (Data Structure, Artificial Intelligence, Operating System, Software Engineering, Data Analysis and Management, Computer Networking, Computer Architecture, IQ Test) အား Online ဖြင့် ဖြေဆိုရမည်ဖြစ်ပါသည်။ နေ့ရက် ဘာသာရပ် အချိန် နေရာ ၁၅.၁၁.၂၀၁၉ သောကြာနေ့ အင်္ဂလိပ်စာ (၉:၀၀) မှ (၁၂:၀၀) နာရီ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဘာသာရပ် (၁:၀၀) မှ (၄:၀၀) နာရီ ၅။ ရေးဖြေစာမေးပွဲအောင်မြင်သူများသည် (၂၀.၁၁.၂၀၁၉) ရက် ဗုဒ္ဓဟူးနေ့တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမည်ဖြစ်ပါသည်။
၆။ ပါရဂူဘွဲ့သင်တန်းကို (၂.၁၂.၂၀၁၉) ရက် တင်္နလာနေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
၇။ IT ပညာရပ်နယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ (၁၅) နှစ်နှင့်အထက်ရှိပြီး IT ဘာသာရပ်တွင် မဟာဘွဲ့တစ်ခုခုရရှိပြီးသူများသည် အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲ (Entrance Exam) ဖြေစရာမလိုဘဲ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုရမည်ဖြစ်ပါသည်။
Read More:>>> နှစ်ပေါင်းသုံးဆယ် ခွင့်ပျက်ရက်မရှိခဲ့သည့် ဆရာမ (၅) ဦးကို ကျပ် (၅) သိန်းစီဆုပေးအပ်
၈။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် (၁၃.၁၁.၂၀၁၉) ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
၉။ အသေးစိတ်သိရှိလိုပါက သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါရမီလမ်း၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ဖုန်း - ၀၁-၉၆၆၄၇၀၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Source: ကြေးမုံ