အခြေခံပညာကဏ္ဍတွင် နှစ်စဉ်လိုအပ်နေသော ဆရာ၊ ဆရာမရာထူးနေရာအသီးသီးကို ဖြည့်ဆည်းခန့်ထားရန်အတွက် ယခင်က ပြင်ပဘွဲ့ရများကို ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားခွင့်ပေးခဲ့ပြီး ဖြစ်သည်။
ယခုအခါ ၂၀၁၇-၁၈ ပညာသင်နှစ်မှစကာ ၄င်းတို့ကို ခန့်ထားခြင်းမရှိတော့ဘဲ ပညာရေးကောလိပ်တက္ကသိုလ်များမှ ဆင်းသည့် သူများကိုသာ ခန့်ထားခဲ့သည်။
လက်ရှိအခြေခံပညာကဏ္ဍရှိ ကျောင်းများရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို လိုအပ်သော ဆရာ၊ ဆရာမနေရာမျာအား ဖြည့်ဆည်းနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနကို တင်ပြထားပါသည်။
“ လောလောဆယ်တော့ သူတို့ခန့်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးကို တင်ထားပြီးပါပြီ၊ ဒီတစ်ခါလုပ်မယ့် အီးစီမှာ အဲဒါကို တင်ခွင့်ပြုမယ်ဆိုရင်လျှောက်ခွင့်စပေးတော့မှာပါ။ အီးစီကတော့ ၂ပတ်တစ်ခါလုပ်နေတာပဲ၊ ဒီတစ်ခါလုပ်မှာက ဒီလကုန်းပိုင်းလောက်လုပ်မှာပါ၊ ဒါကြောင့် အဖြေကတော့ ဒီလကုန်လောက် သိရမှာပါ” ဟု ပြောကြားသည်။
အခြေခံပညာကဏ္ဍတွင် လိုအပ်နေသော ဆရာ၊ ဆရာမရာထူးနေရာများကို ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို ခန့်ထားမည်ဆိုပါက ၄င်းတို့ကို သင်တန်းများအရင်ဆုံးပေးအပ်ပြီးမှသာ ခန့်ထားမည်ဖြစ်သည်။
သင်ကြားသင်ယူမှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် သင်တန်းမပေးဘဲ ခန့်ထားခြင်းများကို ပြုလုပ်တော့မည်မဟုတ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း လေးသောင်းခွဲကျော်ရှိနေပြီး ဆရာ၊ ဆရာမပေါင်း သုံးသိန်းကျော် ရှိနေသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy