န၀မတန်း ကျောင်းသား၊ ကျောင်းသူများ နှစ်သက်ရာ ဘာသာတွဲကို ယူနိုင်ရန် ဘာသာရပ်များကို နှစ်ပတ်ခန့် စမ်းသပ်သင်ကြားမည်

န၀မတန်း ကျောင်းသား၊ ကျောင်းသူများ နှစ်သက်ရာ ဘာသာတွဲကို ယူနိုင်ရန် ဘာသာရပ်များကို နှစ်ပတ်ခန့် စမ်းသပ်သင်ကြားမည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်တန်းအဆင့်တွင် ၀ိဇ္ဇာဘာသာရပ်များအား ယူဆောင်သင်ကြားလိုသူ နည်းပါးလာမှုကြောင့် ပညာရေးဟန်ချက် မညီမျှမှုများကို လေ့လာဆန်းစစ်ရန်အတွက် ယခုပညာသင်နှစ်မှစတင်ပြီး လေ့လာဆန်းစစ်မှုများကို ပြုလုပ်ပြီး ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်မှစတင်ပြီး န၀မတန်းသို့ တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ချိန်တွင် ယခင်ကဲ့သို့ ဘာသာတွဲများအား ကျောင်းသား၊ ကျောင်းသူများကို စိတ်ကြိုက်ခွဲဝေမပေးတော့ဘဲ နှစ်ပတ်ခန့် ဘာသာတွဲသုံးတွဲ စလုံးအား အစမ်းသင်ယူစေပြီးမှာသာ ကျောင်းသား၊ ကျောင်းသူများ စိတ်ကြိုက် ဘာသာရပ်များကို ခွဲဝေပေးရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကလေးများကလည်း နှစ်ပတ်လောက် သင်ပြီးရင် သူတို့ ဘယ်ဘာသာကို ယူရမလဲဆိုတာ သူ့တို့ကိုယ်တိုင် သိရမယ်။ ကလေးကိုယ်တိုင် ရွေးချယ်ထားတာကို မိဘတွေကလည်း နားလည်လက်ခံရမယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8519 times