Sales Hotline : 09448001653       Download App



Grade 12 နှင့် စနစ်သစ်ပညာရေး၏ တက္ကသိုလ်ဝင်ခွင့်

မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေး အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ 

စနစ်သစ်၊ သင်ရိုးသစ်ဖြင့် သင်ကြားမည့် Grade 10,11,12 သုံးနှစ်လုံးတွင် Grade A ရရှိမှသာ မိမိနှစ်သက်သည့် တက္ကသိုလ်ကို ဝင်ခွင့်ရမှတ်ဖြင့် ရွေးချယ်၍ ရမှာဖြစ်ပြီး Grade B နှင့် C ရသည့်သူများမှာ သတ်မှတ်ထားသည့် တက္ကသိုလ်သာဝင်ခွင့်ရမှာ ဖြစ်ပါသည်

စနစ်သစ် အထက်တန်းစာမေးပွဲတွင် လာမည့်

  •  ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် Grade 10 (ဒသမတန်း) ကျောင်းတွင်းစစ်စာမေးပွဲ
  •  ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်  Grade 11 (ဧကဒဿမတန်း) ကျောင်းတွင်းစစ်စာမေးပွဲ နှင့် 
  • ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်  Grade 12 (ဒွာဒဿမတန်း) ကျောင်းတွင်းစစ်စာမေးပွဲ နှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ ဟူ၍ စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။ ထိုလက်မှတ်ဖြင့်  ကောလိပ်များ၊ Instituteများ (ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) တွင် ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော် ၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်  နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ တက္ကသိုလ်များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်များ၏ စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ ထိုစာမေးပွဲတွင်  Grade A ရထားသောကျောင်းသားသည် နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း Grade B,C အစရှိသဖြင့် ရသောကျောင်းသားများသည် ထို Grade များကို လက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။ Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။ မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ်တစ်ခုကိုတော့ ကို G10 မှစ၍ သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

 ဥပမာ။    ။

ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင် English၊ Physics၊ Chemistry၊ Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊

Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင် English၊ Math၊ Physics၊ Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ်  ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။ ၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။ General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။

ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။  ။၁၂တန်းမှာ Grade ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။

* Grade ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး။ ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။*

By Myanmar Education Guide (EDGE) 

News Read 24900 times