သူ့ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီး အဖိ၊ အပေါ့တော့ ရှိပါတယ်၊ ဆရာ ဆရာမတွေကို ကိုယ်ထိလက်ရောက် ထိခိုက်အောင် ပြု မူတာမျိုးကျတော့ နှစ်အကန့်အ သတ်မရှိ ရွှေ့ဆိုင်းတာတွေ ပြုလုပ်မည် ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ အချိန်မှာ စာဖြေတဲ့ ကျောင်းသူကျောင်းသားတချို့က စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမတွေကို ရန်မူတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲနဲ့ ပတ်သက်ပြီး ကြီးကြပ်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေ၊ စာဖြေသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို တရားဝင် ကြေညာထားတာ ဖြစ်ပါတယ်။
စာဖြေသူတစ်ယောက်က စာမေးပွဲအတွင်း မသမာနည်း အသုံးပြု ဖြေဆိုတာ၊ စာဖြေခန်းအတွင်း အရက်သေစာ သောက်စားပြီး ဝင်လာတာ၊ ဆရာ ဆရာမတွေကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာတွေ တွေ့ရှိပါက ဖြေဆိုခွင့် တစ် နှစ်ကနေ သုံးနှစ်အထိ ပိတ်သိမ်းမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့၂၀၁၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မသမာဖြေဆိုမှု ၁၇ မှုရှိခဲ့တယ်လို့ သိရပါတယ်။
ကိုယ်ထိလက်ရောက် စော်ကားလာတာမျိုးက တော်တော် ဆိုးဆိုးရွားရွားဆိုရင်တော့ နှစ်အကန့်အသတ်မရှိ ပိတ်မည် ဖြစ်ပါတယ်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်လျှောက်ထားသူဦးရေ ၇၆၀,ဝ၀ဝခန့်ရှိပြီး စာစစ်ဌာနပေါင်း ၁၅၀ဝကျော် ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Credit: kumudra journal