GTI ဆိုတာ Government Technical Institute ပါ မြန်မာလို အစိုးရစက်မှုလက်မှုသိပ္ပံပါ။ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိပြီး နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အုပ်ချုပ်မှုးအောက်မှာရှိပါတယ်။
..ပညာသင်ကာလ..၃ နှစ်
..ပေးအပ်သောလက်မှတ်..AGTI diploma
..ထောက်ပံ့ကြေး.. တစ်လ ၃သောင်း
..တက္ကသိုလ် ၀င်တန်းကို physics ပါသော ဘာသာတွဲဖြင့်အောင်မြင်သူ အားလုံး လျှောက်နိုင်ပါတယ်။
အမှတ်ပေါင်းအရ ခေါ်တာ မဟုတ်ပါဘူး။
English+Mathematics နှစ်ဘာသာ ရမှတ်ပေါင်းနဲ့ခေါ်တာပါ။ အဲ့နှစ်ဘာသာ ရမှတ်ပေါ်မူတည်ပြီး ဦးစားပေးလျှောက်ထားသော ဘာသာရပ်ခွဲခြင်းကို ဆောင်ရွက်ပါတယ်။
ဒါ့ကြောင့် အမှတ်ဘယ်လောက်ဆိုတာ မရှိပါဘူး။ မေဂျာတစ်ခု ပျမ်းမျှ လူ ၄၀ လက်ခံပါတယ်။ လူ အယောက် ၄၀ ပြည့်ရင် ၄၀ မြောက်လူရဲ့ နှစ်ဘာသာ ရမှတ်က အဆိုပါ ဘာသာရပ်၊ အဆိုပါကျောင်းအတွက် အနိမ့်ဆုံးအမှတ်ဖြစ်ပြီး roll 1 ရမှတ်သည် အမြင့်ဆုံး အမှတ်ဖြစ်ပါသည်။
မည်သည့်ဘာသာရပ်မှ အမှတ်ကြိုတင်သတ်မှတ်ထားခြင်းမရှိပါ။ အမှတ်များသောသူများ လျှောက်ထားသော ဘာသာရပ်သည် အမှတ်မြင့်သွားမည်ဖြစ်ပါသည်။
..၀င်ခွင့်ဖြေဆိုရခြင်းမရှိသေးပါ။ နှစ်ဘာသာ အမှတ်အရ လူရွေးချယ်ရတာပါ။
မေဂျာတစ်ခု လူ ၄၀ သတ်မှတ်ထားသည့်အတွက် အမှတ်မကောင်းသောသူများ၊ ၀င်ခွင့်မရသောသူများသည် သတ်မှတ်လူဦးရေ မပြည့်သေးသောကျောင်းများအား လျှောက်ထားနိုင်ပါသည်။
လျှောက်ထားသောကျောင်းမှာသာ သင်တန်းပြီးဆုံးသည်အထိ နေရမည်ဖြစ်ပါသည်။ မိဘများ အလုပ်တာဝန်ပြောင်းပါက ကျောင်းပြောင်းကို စဉ်းစားပေးပါတယ်။
...GTHS မှ တက်ရောက်မည့်သူများသည် သက်ဆိုင်ရာ GTI မှ သတ်မှတ်ဦးရေ အရ တက်ရောက်ခွင့်ရပါမည်။
..ပထမနှစ်နဲ့ ဒုတိယနှစ်ပြီးရင် လုပ်ငန်းခွင်လက်တွေ့ ၁ လဆင်းရပြီး တတိယနှစ်ပြီးရင် ၃ လဆင်းရပါတယ်။
..ပညာသင်ထောက်ပံ့ကြေး တစ်လ ၃သောင်း ရပါတယ်။ စာမေးပွဲကျပါက မရပါ။ ပြန်လည်အောင်မြင်ပါက ပြန်ရပါတယ်။ လက်တွေ့ကာလ ထောက်ပံ့ကြေးမရပါ။
..TU ပေါင်းကူးခွင့်နှင့်ပတ်သတ်ပြီး..ယခုထိ တော့ ပေါင်းကူးရှိပါသည်၊ ပေါင်းကူးခွင့်သတ်မှတ်ချက်အတိုင်း တက်ရောက်ခွင့်ရပါမည်။ သတ်မှတ်ချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သတ်မှတ်ရွေးချယ်မှာဖြစ်လို့ ကြိုးစားမှ တက်ရောက်ခွင့်ရပါမည်။
***အကြံပေးချင်တာက...ဝါသနာကိုဦးစားပေးပါ...နေရာကိုဦးစားမပေးပါနဲ့။
ကိုယ်ဝါသနာပါရာ.မေဂျာရနိုင်မယ့် ကျောင်းကို ရွေးကြပါ....(အိမ်ကအဆင်မပြေလို့ နီးရာကျောင်းတက်ရမယ့်လူတွေကတမျိုးပေါ့)
ဖောင်မတင်ခင်ကတည်းက သေချာစဉ်းစားကြပါ...ဖြစ်နိုင်ရင်.ဖောင်ကိုလည်း တစ်ကျောင်းထဲပဲ..တင်ပါ
ဟိုကျောင်းရလိုရငြား ဟိုကျောင်းမရရင် ဒီကျောင်း ရလိုရငြားတွေမလုပ်ကြပါနဲ့။ မိမိအမှတ်နဲ့ မိမိလိုချင်တဲ့ မေဂျာရနိုင်မယ့် ကျောင်း တခုတည်းကိုသာတင်ပါ။
ဘာကြောင့်လဲဆိုတော့ အကယ်လို့ ဝင်ခွင့်ကျလာရင် ကိုကဟိုကျောင်းလည်းပါ ဒီကျောင်းလည်းပါဆို ရွေးရခက်ပါတယ်.
တခြားကျောင်းသားကျောင်းသူတွေ...GTIကို နဂိုကတည်းက တက်ဖို့ စိတ်ဝင်စားနေသူတွေ GTHSကလူတွေ အတွက်နစ်နာရပါတယ်..
လူဦးရေက အကန့်အသတ်နဲ့ဆိုတော့..တက်ခွင့်မရှိတော့တဲ့လူတွေအတွက် နစ်နာစရာကောင်းလှပါတယ်။
ပြီးတော့. ထပ်သိဖို့လိုအပ်တာက..GTIကျောင်းဟာ 10တန်းအောင်နှင့် GTHS မှ ထူးချွန်သူများသာ တက်ရောက်ခွင့်ရှိတဲ့ကျောင်းဖြစ်ပါတယ်
၈တန်းအောင် များ တက်ရတဲ့ကျောင်းမဟုတ်ပါ။
ဝါသနာ....ပါမှ ဒီကျောင်းကိုလာတက်ကြပါ...တက်ရင်းနဲ့မှ မိမိနဲ့အံကိုက်သွားတာမျိုးရှိပေမယ့် တခါမှ စိတ်မကူးဖူးဘူးဆိုရင် ဖောင်ကိုမတင်ကြပါနဲ့။
ကျောင်းတက်နေရင်းမှ...ဝါသနာနဲ့တခြားစီ..အိမ်က တက်ခိုင်းလို့သာတက်ရတာကွာ ဘာတွေမှန်းလည်းမသိဘူး...စိတ်ပျက်ဖို့ကောင်းလိုက်တာ။
အဲ့လိုတွေ ဖြစ်မလာစေဖို့..နဂိုကတည်းကသေချာစဉ်းစာ ပြီးမှ တက်ကြပါလို့ မေတ္တာရပ်ခံပါသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: GTI_TROLLERS