ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့် ပူးပေါင်း၍ “စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့”သင်တန်း Global MBA (Batch-12) ကို၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဖွင့်လှစ်မည် ဖြစ်ပါတယ်။
ယခုဖွင့်လှစ်မယ့် Global MBA (Batch-12) ရဲ့ Admission Schedule ကို 2nd Round အဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးထားတာ ဖြစ်ပါတယ်။
Global MBA Program သည် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce(UTCC) ၌ သင်ပြနေသော နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ၊ အမေရိကန်တက္ကသိုလ်များမှ ပါရဂူဘွဲ့ ထိုင်း ပါမောက္ခများ ပူးပေါင်း သင်ကြား ပို့ချသော မဟာဘွဲ့သင်တန်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ပြည်တွင်းမှာပင် တက်ရောက်နိုင်သည့်အခွင့်အရေး ဖြစ်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် UMFCCI Training Institute အမှတ်-၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ- ၁၃၃၊၁၃၄) တိုက်ရိုက်ဖုန်း ၀၁-၂၃၀၂၄၈၅ သို့ ၁၆.၁.၂၀၁၉ နေ့ (ညနေ ၄း၀၀)နာရီ နောက်ဆုံးထား ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါတယ်။
တက်ရောက်ရန်အတွက် လိုအပ်တဲ့စာရွက်စာတမ်း၊ ဖောင်ပုံစံများဖြစ်တဲ့ Admission, Application form , Recommendation များကို အောက်ပါ link တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
source: ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)