Global English Course ၏ စည်းကမ်းချက်များ

Global English Course ၏ စည်းကမ်းချက်များ

၎င်းအမည်စာရင်းတွင် ပါဝင်သူများသည် ရန်ကုန်တက္ကသိုလ် ၊ ပင်လုံဆောင်၌ ၁၃-၉-၂၀၁၇ နေ့ ရက်တွင် လူကိုယ်တိုင် လာရောက်သင်တန်းကြေး ပေးသွင်းရမည်ဖြစ်ပါသည်။

သင်တန်းသူ/သားများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာရမည်။ လိုက်နာခြင်း မရှိပါက သင်တန်းတက်ခွင့်ရပ်ဆိုင်းမည်။

၁. ကျောင်းခေါ်ချိန် ၇၅% ပြည့်ရမည်။

၂. သင်တန်းကို အချိန်မှန်မှန် ရောက်ရမည်။

၃. သင်တန်းတက်ရောက်နေသော ပရ၀ုဏ်အတွင်းနှင့်စာသင်ခန်းအတွင်း ၌ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူညံစွာအော်ဟစ်ခြင်း ၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ ဆေးလိပ် သောက်ခြင်းများ မပြုလုပ်ရပါ။

၎. မြန်မာ့ ယဉ်ကျေးမှု နှင့် လျော်ညီသော အ၀တ်အစားများသာဝတ်ဆင်ရမည်။ ဆံပင်များအရောင် မျိုးစုံဆိုးခြင်း၊ မသင့်လျှော်သော စာတမ်းများပါသည့် တီရှပ်များ၊ အင်္ကျီလက်ပြတ်များ၊ ဂျင်းဘောင်းဘီ ဘောင်းဘိတို (quarter-length) များဝတ်ဆင်ခြင်း၊ အမျိုးသမီးများဖြစ်ကလုံချည်ကွဲများ၊ စကပ်များ ၀တ်ဆင်ခြင်း၊ အမျိုးသားဖြစ်က ဆံပင်ရှည်ထား၍စုချည်ခြင်း၊ နားကပ်ပန်ဆင်ခြင်းများ ခွင့်မပြုပါ။

၅. စာသင်နေစဉ်အတွင်း ဖုန်းလက်ခံပြောဆိုခြင်း၊ ခေါ်ဆိုခြင်းလုံးဝမပြုရပါ/ Mobile ဖုန်းများကို Silent Mode တွင်ထားရမည်။

၆. သင်တန်းရှိပရီဘောဂ များပေါ်တွင်ရေးခြစ်ခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်းများ မပြုလုပ်ရပါ။ ပြုလုပ်သည်ကိုတွေ့ ရှိပါက ၊ ၄င်းပရိဘာဂ၏အသစ်အတိုင်း ပေဒလျာ်ရမည်။

၇. သင်တန်းကြေးများကို မည်သည့်အကြောင်းပြချက်နှင့်အမျှ ပြန်လည်ထုတ်ယူခြင်း၊ လူစားထိုးခြင်းများ ခွင့်မပြုပါ။

၈. သက်ဆိုင်ရာပုံစံများ ဖြည့်စွက်ရာတွင် မိမိတို့၏ အချက်အလက်အမှန်နှင့်လိပ်စာ အမှန်ကိုသာ ဖြည့်စွက်ရမည်။

၉. နိုင်ငံဝန်ထမ်း သင်တန်းသူ/သားများသည် သက်ဆိုင်ရာ ကျောင်း ၊ ရုံး ၊ ဌာနရှိ တာဝန်ခံ အကြီးအကဲထံမှ ခွင့်ပြုချက်ကိုပူးတွဲတင်ပြရမည်/

၁၀. ဌာန အကြီးအကဲထံမှ ခွင့်ပြုချက်မရရှိပဲ (သို့မဟုတ်) နိုင်ငံဝန်ထမ်းဖြစ်လျက်နှင့် ၀န်ထမ်းမဟုတ်ပါ ဟု လိမ်လည်ပြောဆို၍ သင်တန်းတက်ရောက်လျက်ရှိကြောင်း စစ်ဆေးတွေ့ ရှိပါက သင်တန်းမှ ထုတ်ပယ်ခြင်းခံရမည်။

၁၁. Basic Level မှ စတင်တက်ရောက်ရမည်။ Advanced Level II အောင်မြင်ပြီးပါက Diploma in English ချီးမြှင့်မည်။

၁၂. သင်တန်းကြီးကြပ်ရေးအဖွဲ့ မှ အခါအားလျော်စွာ သတ်မှတ်ထုတ်ပြန်သည့် စည်းကမ်းချက်များကို လိုက်နာရမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: www.ncel.edu.mm

News Read 7282 times