ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းပြန်လည်ဖွင့်လှစ်မည်

သင်တန်းကာလကတော့ ဇွန်လ ၃ ရက်ကနေ သြဂုတ်လ ၂၀ ရက် အထိ သုံးလကြာမြင့်မည်ဖြစ်ပြီး Basic Level တက်ရောက်လိုသူတွေ အနေနဲ့ မေလ ၂၆ နေ့ရက်၊ မနက် ၉ နာရီတွင် http://ncel.edu.mm မှာ ၀င်ခွင့်ပုံစံ ဖြည့်စွက် လျှောက်ထားရမှာပါ။

ဦးစွာရောက်ရှိလာတဲ့ လျှောက်လွှာတွေကို ဦးစားပေးမှာဖြစ်ပြီး သတ်မှတ်ဦးရေ ပြည့်တဲ့အထိ လက်ခံမှာဖြစ်ပါတယ်။

တက်ရောက်ခွင့် ရရှိသူတွေ စာရင်းကို မေလ ၂၉ ရက်၊ မနက် ၉ နာရီမှာ ၀က်ဘ်ဆိုက်လင့်ခ်မှာပဲ ထပ်မံကြေညာပေးမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

တက်ရောက်ခွင့်ရရှိသူ အားလုံးဟာ မေလ ၃၀ ရက်မှာ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်ကို လူကိုယ်တိုင် သွားရောက်ပြီး သင်တန်းကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ Level တွေကို တက်ရောက်လိုသူတွေအနေနဲ့လည်း လူကိုယ်တိုင် သင်တန်းပြန်လည်အပ်နှံ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းကို တက်ရောက်လိုသူတွေဟာ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိပြီးသူတွေဖြစ်ရမှာဖြစ်ပြီး သင်တန်းလျှောက်ထားပါက ဘွဲ့လက်မှတ်မူရင်းနဲ့ မိတ္တူ၊ ဓါတ်ပုံ ၄ ပုံ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနမှ တာဝန်ခံအကြီးအကဲတွေရဲ့ သင်တန်းတက်ရောက်ခွင့် ပြုစာတွေ ပါရှိရမှာဖြစ်ပါတယ်။

သင်တန်းကြေးတွေကို Basic Level အတွက် မေလ ၃၀ ရက်၊ Intermediate Level, Upper-Intermediate Level, Advanced Level I, Advanced Level II တွေအတွက် မေလ ၂၃ ရက်ကနေ ၂၅ ရက်ထိ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်မှာ ပေးသွင်းရမှာဖြစ်ပါတယ်။

Contact detail

ဖုန်း – ၀၁-၅၀၁၅၄၇၊ ၅၃၇၃၆၀ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 41199 times