တက်ရောက်ခွင့် ရရှိသူများစာရင်းကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီတွင် အဆိုပါလင့်ခ်တွင် ကြေညာပေးမှာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူတွေက စက်တင်ဘာလ ၁၃ ရက် နဲ့ ၁၄ ရက်တွေမှာ သင်တန်းအပ်နှံရမှာ ဖြစ်ပါတယ်။
သင်တန်းအပ်နှံသူတွေဟာ ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်မှာ နံနက် ၉ နာရီမှ ၁၂ နာရီထိလည်းကောင်း၊ နေ့လယ် ၁ နာရီမှ ၂ နာရီထိ လည်းကောင်း အပ်နှံရမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ဓါတ်ပုံ ၄ ပုံ၊ ဘွဲ့လက်မှတ် မူရင်းနှင့်မိတ္တူ၊ နိုင်ငံဝန်ထမ်းဖြစ်ပါက မိမိဌာန အကြီးအကဲရဲ့ ခွင့်ပြုမိန့်နဲ့ ဝန်ထမ်းကတ် မူရင်းနဲ့မိတ္တူတွေ လိုအပ်မှာဖြစ်ပြီး သင်တန်းကြေး ငါးသောင်းပေးသွင်း ရမှာဖြစ်ပါတယ်။
အသေးစိတ် အချက်လက်တွေကိုတော့ ဖုန်း – ၀၁-၅၀၁၅၄၇ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal