**Unicode**
Study Abroad Information Centre မှ Global Education Fair 2019 ကို စက်တင်ဘာ (၂၈) ရက် နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအထိ Novotel Hotel, Pyay Conference Room, Yangon (Level-4) မှာလည်းကောင်း၊ စက်တင်ဘာ (၂၉) ရက် နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအထိ STUDY ABROAD မန္တလေးရုံးခန်းမှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံတကာပညာရေးပြပွဲမှာ UK, USA, Australia, Switzerland, New Zealand, Singapore, Netherlands, Ireland, Canada အစရှိတဲ့နိုင်ငံတွေက တက္ကသိုလ်ကြီးတွေပါဝင်ပြသသွားမှာဖြစ်ပါတယ်။
Overseas Education Agents & Consultancy (77) နိုင်ငံရပ်ခြားပညာရေး ဝန်ဆောင်မှုနှင့် အတိုင်ပင်ခံလုပ်ငန်း နှင့်ပတ်သက်ပြီး (77) ခုရှာရန်နှိပ်ပါ။
မြန်မာ (၁၀) တန်း, American High School Diploma, IGCSE, GCE ‘O’ level, GCE ‘A’ level, IB အောင်မြင်ပြီးသူတွေအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ ကွာခြားချက်များအကြောင်းနဲ့ ပညာသင်ဆုဆိုင်ရာအချက်အလက်များ၊ NCC, HND တက်ရောက်နေသူတွေအတွက် ဘာသာရပ်ကင်းလွတ်ခွင့်ဆိုင်ရာလမ်းကြောင်းများ၊ မြန်မာနိုင်ငံမှ BA, BSc, BBM, BCom, BCSc ဘွဲ့ရများအတွက် နိုင်ငံ (၁၀) နိုင်ငံမှာ ဆက်လက်ပညာသင်ယူရန် ဘွဲ့လွန်ပညာရပ်များနဲ့စပ်လျဉ်းပြီး ဆွေးနွေးတိုင်ပင်နိုင်ခွင့်၊ AGTI, BTech, BE တို့ရဲ့ အင်ဂျင်နီယာဘာသာရပ်များအတွက် ဘာသာရပ်ကင်းလွတ်ခွင့်နဲ့ ဘွဲ့လွန်ဒီဂရီလမ်းကြောင်းများအကြောင်း၊ MBBS နဲ့ BPharm ဘွဲ့ရများအတွက် ဘွဲ့လွန်ဒီဂရီဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်ရွေးချယ်မှုတွေအကြောင်း၊ Hotel & Tourism ဘာသာရပ်အတွက် လက်တွေ့ Internship နဲ့ ကျောင်းပြီးအလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ စီးပွားရေးဘာသာရပ်ကို ပြည်တွင်းမှာတက်ရောက်ပြီး နောက်ဆုံးနှစ်မှ မိမိနှစ်သက်ရာနိုင်ငံကို ပြောင်းရွှေ့တက်ရောက်ရန် လမ်းကြောင်းတွေအကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
Read More:>>> **ဆယ်တန်းကျောင်းသား/သူများ စာကျက်ကိုချိန်သီးသန့်ထုတ်ထားသင့်**
တက်ရောက်လိုသူတွေအနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း - ၀၉-၅၁၅၁၀၀၈၊ ၀၉- ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး၊ အမှတ် (၃၂၆)၊ ၆၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ (ဝေပုလ္လာရာမ၊ မက္ခရာတိုက်အနောက်ပေါက်နှင့် မျက်နှာချင်းဆိုင်) မန္တလေးမြို့၊ ဖုန်း - ၀၉-၄၂၀၀၉၉၉၉၇ ကိုစာရင်းပေးသွင်းနိုင်ပါတယ်။
Source: Internet Journal
**Zawgyi**