တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူများအတွက် ဘာသာစုံအခမဲ့ ပညာဒါနသင်တန်းဖွင့်မည်

တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူများအတွက် ဘာသာစုံအခမဲ့ ပညာဒါနသင်တန်းဖွင့်မည်

ထိုသင်တန်းကို Lady Grace Diamond Land Co.,Ltd နဲ့ YIP-Yangon Institute of Professionals တို့က ၁၀ တန်း တက်ရောက်မယ့် ကျောင်းသားကျောင်းသူများထဲမှ ကျူရှင်တက်ရန် ငွေကြေးအဆင်မပြေကြတဲ့သူတွေ အတွက် လှူဒါန်းမှုအနေနဲ့ ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

ဘာသာရပ်တစ်ခုစီကို ဝါရင့်ဆရာဆရာမတွေနဲ့ တစ်နှစ်တာပတ်လုံး လုံးဝအခမဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါသည်။

သင်တန်းနေရာကတော့ ဗဟန်းမြို့နယ်၊ ဆရာစံတောင် (စံပြ) ရပ်ကွက်က ဓမ္မာရုံမှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး မေလ ဒုတိယပတ်မှာ စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းမပေါ်က ဆရာစံတောင် (စံပြ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (ရတနာလမ်း မှတ်တိုင်နဲ့ မင်းလမ်းမှတ်တိုင်အကြား…. Lexus Hotel အနီး) မှာ ည ၇ နာရီ မှ ၉ နာရီအတွင်း သွားရောက် စာရင်းပေးသွင်းနိုင်ပါသည်။

ရပ်ကွက် အကျိုးတော်ဆောင် ကိုဝင်းဗိုလ် ဖုန်း- ၀၉၇၉၉၈၇၀၈၉၆ သို့ ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: internet

News Read 1858 times