သင်သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါသလား။
သင်သည် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟုသုတများတိုးပွားအောင် ဆောင်ရွက်လိုပါသလား။
မိမိစီးပွားရေးလုပ်ငန်းတွင် ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်း စနစ်တွေနဲ့ အကျွမ်းတဝင်ရှိလိုပါသလား။
မိမိလုပ်ငန်းတွင် ကောင်းမွန်စွာပြန်လည်အသုံးချနိုင်သော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ နည်းစနစ်များကို အချိန်တိုအတွင်း စနစ်တကျ သင်ယူတတ်မြောက်လိုပါသလား။
ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ သင်ဖြေခဲ့မယ်ဆိုရင်တော့ ဗြိတိသျှကောင်စီ နှင့် Standard Chartered တို့၏ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ် Education for Entrepreneurs (E4E) ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာသင်တန်းကို လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ MRCCI နှင့် MRYEA တို့မှလည်း သင်တန်းအတွက် ပူးပေါင်းဆောင်ရွက်ပါသည်။
သင်တန်းအစီအစဉ်
နေ့ရက် - ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်၂၀၁၉
အချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
နေရာ - MRCCI, ရတနာပုံ စူပါစင်တာ၊ ၄ လွှာ၊ ၃၄ လမ်း နှင့် ၇၈ လမ်း ထောင့်၊ မန္တလေးမြို့ ။
သင်တန်းကြေး - အခမဲ့
သင်တန်းအား မြန်မာဘာသာဖြင့် ပို့ချမည်ဖြစ်ပါသည်။
လျှောက်လွှာများကို http://bit.ly/2FLTR4s တွင်ရယူနိုင်ပြီး ဇန်နဝါရီလ ၄ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ‘E4E Application’ ဟု အီးမေးခေါင်းစဉ်တပ်ကာ ဒေါ် ဂျာထွယ်အောင် ([email protected]) ဆီသို့ ပေးပို့ လျှောက်ထားနိုင်သကဲ့သို့ မန္တလေးမြို့ ရှိ MRCCI နှင့် MRYEA ရုံးများတွင်လည်း လူကိုယ်တိုင်သွားရောက် လျှောက်ထားနိုင်ပါသည်။
MRCCI - ရတနာပုံ စူပါစင်တာ၊ ၄ လွှာ၊ ၃၄ လမ်း နှင့် ၇၈ လမ်း ထောင့်၊ ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
MRYEA - ရတနာပုံ စူပါစင်တာ၊ ၃ လွှာ၊ ၃၄ လမ်း နှင့် ၇၈ လမ်း ထောင့်၊ ချမ်းအေးသာစံမြို့ နယ်၊ မန္တလေးမြို့။
အသေးစိတ် သိရှိလိုပါက ဗြိတိသျှကောင်စီ ဖုန်းနံပါတ် 01370933 (လိုင်းခွဲနံပါတ် 3365) နှင့် 09777001362 ကို အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
photo & source: BritishCouncilMyanmar