ကွန်ပျူတာသင်တန်း အခမဲ့ တက်ရောက်နိုင်

ကွန်ပျူတာသင်တန်း အခမဲ့ တက်ရောက်နိုင်

ကွန်ပျူတာ အခြေခံလေ့ကျင့်ရေးသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းသည် နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်မျိုးဆက်သစ်များအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ရာ (Donar Network Agency) ဒီအင်န်အေပညာဌာနနှင့် ပူးပေါင်းပြီး မတ်လ ၂၅ ရက်မှ စတင်၍ တောင်ဥက္ကလာပ သစ္စာလမ်းနှင့် ၁၃ မင်္ဂလာလမ်း မြို့နယ်စာရေးဆရာအသင်းရုံးတွင် ကွန်ပျူတာ အခြေခံလေ့ကျင့်ရေး သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြား ပို့ချပေးမည် ဖြစ်သည်။

ကျောင်းပိတ်ရက် မတ် ၂၅ ရက် (တနင်္လာနေ့) မှ စတင်ဖွင့်လှစ်၍ ညနေ ၅ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ်၊ ည ၇ နာရီမှ ၉ နာရီအထိ တစ်ကြိမ် တစ်နေ့ ၂ ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

အခမဲ့ကွန်ပျူတာလေ့ကျင့်ရေးသင်တန်းတက်ရောက်လိုသူများ ရုံးချိန်အတွင်း လာရောက်စာရင်းပေးသွင်းနိုင်သည်။

READ - ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘာသာရပ် (၉) ခု အတွက် အချိန်ပိုင်းနည်းပြများ ခေါ်ယူ

News Read 1777 times