နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်တဲ့ အခမဲ့ သင်တန်း

နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်တဲ့ အခမဲ့ သင်တန်း

ခေတ်မီလှပသော အဆောက်အဦး ဒီဇိုင်းများကို ကိုယ်တိုင်ရေးဆွဲချင် သူများအတွက် ပညာဒါနဖြင့် ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

သင်တန်းအမျိုးအစား

၁။ Design and decoration သင်တန်း

၂။ အိမ်ပုံရေးဆွဲနည်း သင်တန်း

သင်တန်းကာလမှာ တစ်လခန့် ကြာမြင့်မည်ဖြစ်ပြီး အဆောက်အဦးတစ်လုံးအား အခြေခံမှ စပြီး စနစ်တကျရေးဆွဲတတ်စေရန် သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းကာလတွင် Isometric / Otho Drawing, Perspective, Floor Plan Details, Elevation Details, Roof Details, 3 D ရေး ဆွဲ နည်းများကို သင်ကြားပေးမည်ဖြစ်ပြီး အိမ်တစ်လုံးအား အစအဆုံး အသေးစိတ် ရေးဆွဲတတ်စေရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ထိုပညာဒါန သင်တန်းအား နည်းပညာတက္ကသိုလ်များတွင် တက်ရောက်လျှက်ရှိသော မည်သည့် Civil / Architecture ကျောင်းသားကျောင်းသူ များနှင့် အဆိုပါ ဘွဲ့ရရှိပြီးသော မည်သူမဆို အခမဲ့ တက်ရောက် သင်ကြားနိုင်ပါသည်။

အခြား Major မှစိတ်ဝင်စားသော engineer ကျောင်းသား ကျောင်းသူများမှာ Computer အခြေခံ တတ်မြောက်ထားရမည်ဖြစ်ပြီး အဆိုပါသင်တန်းမှ အရည်အချင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

သင်တန်းသားများ စိတ်အေးချမ်းသာစွာ သင်ယူနိုင်ရန်အတွက် ကျယ်ဝန်းသော Aircon စာသင်ခန်း + အစာပြေမုန့်+ Car parking စီစဉ်ပေးထားပါသည်။

သင်တန်း အချိန် - Sat , Sun ၄း၀၀ နာရီမှ  ၆း၀၀ နာရီအထိ

သင်တန်းတက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ

ကျောင်းသားဖြစ်ပါက မှတ်ပုံတင် ( သို့) ကျောင်းသားကဒ် မိတ္တူ  ဘွဲ့ရရှိပြီးသူဖြစ်ပါက ဘွဲ့လက်မှတ် မိတ္တူ နှင့် သင်တန်းဆင်း လက်မှတ်ထုတ်ပေးရန်အတွက် လိုင်စင်ဓါတ်ပုံ (၃) ပုံ ယူဆောင်လာပေး ရပါမည်။

မိမိ အသုံးပြုမည့် Personal Computer ယူဆောင်လာပေးရပါမည်။ (နောက်ပိုင်း ကိုယ်တိုင်ရေးဆွဲသည့်အခါ လိုအပ်သည့် Plug-in / Tools / Software များကို တစ်ပါတည်း ထည့်ပေးလိုက်မည် ဖြစ်သောကြောင့် မိမိ ရေးဆွဲမည့်စက်ယူလာမှ အဆင်ပြေပါသည် )

စာရွက်စာတန်းကြေးနှင့် အခြားမည်သည့် အခကြေးငွေမှ ပေးသွင်းရန်မလိုပါ။

ထူးချွန်သော သင်တန်းသား /သူ များ အား King Construction design department တွင် အလုပ် ခန့် သွား မည် ဖြစ်ပါ သည်။

အတန်းတစ်တန်းတွင် လူ ဦး ရေ ကန့်သတ် လက်ခံသင်ကြားပေးမည်ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသူများသည် King Construction Group ၏ရုံးခန်းတွင် Application Form လာရောက်ဖြည့်သွင်းပြီး တက် ရောက်နိုင်ပါ သည်။

သင်တန်းဖွင့်လှစ်မည့်နေရာ

အမှတ် ၄၃၈ သမိုင်း ၈ လမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်။

အသေးစိတ်သိရှိလိုပါက ဖုန်း  09-5095512 , 09-254999809 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

source: King Construction Group Co.,ltd fb

News Read 4380 times