ပြင်သစ်နိုင်ငံကျောင်းများတွင် စမတ်ဖုန်းအသုံးပြုခြင်းအား ဥပဒေထုတ်ပြန်၍ တားမြစ်လိုက်ပြီ

ပြင်သစ်နိုင်ငံကျောင်းများတွင် စမတ်ဖုန်းအသုံးပြုခြင်းအား ဥပဒေထုတ်ပြန်၍ တားမြစ်လိုက်ပြီ

ပြင်သစ်ကျောင်းသားများအနေနှင့် ၂၀၁၈ စက်တင်ဘာမှစ၍ ၄င်းတို့၏စမတ်ဖုန်းများနှင့် အခြား Smart Devices များအား အိမ်တွင်ထားခဲ့ရမည် သို့မဟုတ် ကျောင်းသို့ယူလာပါက ပါဝါပိတ်ထားရမည်ဟူသော ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပါတယ်။

စမတ်ဖုန်းများနှင့် အခြားအင်တာနက်ချိတ်ဆက်၍ရသော တက်ဘလက်များအသုံးပြုမှု တားမြစ်ခြင်းသည် သက် ၃ နှစ်မှ ၁၅ နှစ်အတွင်းရှိသော ကျောင်းသားအားလုံးအတွက်အကျုံးဝင်ပြီး ထိုဥပဒေကို ၂၀၁၈ ဂျူလိုင်မှာ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်နှင့်အထက် ကျောင်းသားများတက်ရောက်သည့် အထက်တန်းကျောင်းများအနေနဲ့ကတော့ စမတ်ဖုန်းသုံးစွဲမှု တားမြစ်ခြင်းကို လိုက်နာ၏မနာ၏ ရွေးချယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။  

“ခုခေတ်မှာ Screen Addiction နဲ့ ဆိုးရွားစွာမိုဘိုင်းဖုန်းသုံးစွဲနေမှု ဖြစ်ရပ်ဆန်းတွေရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်၊ ကျွန်တော်တို့ရဲ့အဓိကတာဝန်က ကလေးတွေနဲ့ မြီးကောင်ပေါက်အရွယ်ဆယ်ကျော်သက်လေးတွေကို အဲ့တာတွေကနေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကပညာရေးရဲ့ အခြေခံတာဝန်တစ်ရပ်ဖြစ်ပြီး ဥပဒေအရ ကာကွယ်ခွင့်ပြုထားတာပဲဖြစ်တယ်” လို့ ပြင်သစ်ပညာရေးဝန်ကြီး Jean-Michel Blanquer က ပြင်သစ်သတင်းချန်နယ် BFMTV မှာ ဆိုထားပါတယ်။

၂၀၁၀ တုန်းကထုတ်ပြန်ခဲ့တဲ့ ဥပဒေက စမတ်ဖုန်းသုံးစွဲခြင်းကို “စာသင်ချိန်အားလုံး” မှာ တားမြစ်ထားပေမယ့် အခုအသစ်ထုတ်ပြန်ထားတဲ့ဥပဒေကတော့ ချွင်းချက်အနေနဲ့ မသန်စွမ်းကျောင်းသားများရဲ့ ကျောင်းပြင်ပလှုပ်ရှားမှုများနှင့် “သင်ထောက်ကူများ” မှာ  သုံးစွဲလို့ရပါတယ်။

ဒါကတော့ စမတ်ဖုန်းသုံးနေချိန် ကျွန်တော်တို့ရဲ့ဦးနှောက်ပါ။

ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေအပေါ်ကို မှီခိုမှုလွန်ကဲလာခြင်းက “Nomophobia” သို့မဟုတ် “No Mobile PHOne phoBIA” ဆိုတဲ့ အခေါ်အဝေါ်တစ်ခုကို ပေါ်ထွက်လာစေပါတယ်၊ ဒါက ဆဲလ်ဖုန်း သို့မဟုတ် တခြား Smart Device တွေ မသုံးရမှာ ကြောက်ရွံ့ခြင်းပဲ ဖြစ်ပါတယ်။

UK ရဲ့ Survey တစ်ခုအရ ၆၆% သော ဖြေဆိုသူတွေမှာ အနည်းနဲ့အများတော့ nomophobia ရှိနေပြီး ၄၁% သော ဖြေဆိုသူတွေကတော့ အဆက်အသွယ်မပြတ်အောင် သူတို့ဆီမှာ ဖုန်းနှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုပြီးထားရှိတယ်လို့ ဆိုကြပါတယ်။

စမတ်ဖုန်းနဲ့အင်တာနက် စွဲလန်းမှုနှုန်းများ မြင့်တက်လာခြင်းကြောင့် ကျွန်တော်တို့ရဲ့ဦးနှောက်မှာ ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိနေပါတယ်။

တောင်ကိုးရီးယားကပြုလုပ်ထားတဲ့လေ့လာမှုတစ်ခုအရ အင်တာနက်နှင့်စမတ်ဖုန်းစွဲလန်းမှုရှိသော ဆယ်ကျော်သက်များ၏ ဦးနှောက်မှာ Neurons များ၏ လုပ်ဆောင်ချက်အား နှေးကွေးစေသည့် Neurotransmitter Level မြင့်မားတဲ့အတွက် အာရုံစူးစိုက်မှုနဲ့ ထိန်းချုပ်မှုဆိုင်ရာ အတိုင်းအတာကိုလျော့ကျစေပြီး Distractions ရရှိမှုပိုများစေတယ်လို့ ဆိုပါတယ်။

London School of Economics and Political Science မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကလည်း ကျောင်းမှာ စမတ်သုံးစွဲမှုတားမြစ်လိုက်ခြင်းက ကျောင်းသားတွေရဲ့စာမေးပွဲရလဒ်များကို သိသာထင်ရှားစွာ တိုးတက်လာစေတယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံ၏ Telecoms Regulator ARCEP အရ ၂၀၀၅ ခုနှစ်မှာ ၇၂% ရှိနေရာကနေ ၂၀၁၆ မှာ အသက် ၁၂ နဲ့ ၁၇ အတွင်းရှိတဲ့ ပြင်သစ်ကလေးတွေရဲ့ ၉၀% ကျော်ခန့်က မိုဘိုင်းဖုန်းပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။  

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Source: CNN

News Read 1529 times