စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက် (အင်္ဂါနေ့) စတင်ရခြင်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည် ဖြစ်သော ချင်းအမျိုးသားနေ့နှင့် တိုက်ဆိုင်နေသောကြောင့် တစ်ရက် နောက်ဆုတ်ပေးထားခြင်းဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၂၁ ရက် စတင်ရန် သတ်မှတ်ထားသော်လည်း ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ ပိတ်ရက်များနှင့် ထပ်မံတိုက်ဆိုင်သော ဘာသာရပ်အတွက် ခရိုင်နှင့် မြို့နယ်အလိုက် စာမေးပွဲများကို သတ်မှတ်စာမေးပွဲများကို သတ်မှတ်စာမေးပွဲကာလ နောက်တစ်ရက်သို့ ပြည်နယ်ပညာရေးမှူးအစီအစဉ်ဖြင့် ပြောင်းရွှေ့စစ်ဆေးသွားရန် ဖြစ်ပါသည်။
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် နိုဝင်ဘာလကုန်ပိုင်းအထိ စာရင်းအရ အခြေခံပညာအဆင့် စတုတ္ထတန်းတွင် ကျောင်းသား ၊ ကျောင်းသူပေါင်း ၈၉၀,၀၀၀ ကျော်ရှိပြီး အဌမတန်းတွင် ကျောင်းသား ၊ ကျောင်းသူပေါင်း ၆၁၀,၀၀၀ ကျော်ရှိကြောင်း အခြေခံပညာ ဦးစီးဌာန စာရင်းအင်းဌာနမှ သိရသည်။
စတုတ္ထတန်း စာမေးပွဲ အချိန်ဇယား (နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ)
ဖေဖော်ဝါရီလ ၂၁ ရက် - မြန်မာစာ
ဖေဖော်ဝါရီလ ၂၂ ရက် - အင်္ဂလိပ်စာ
ဖေဖော်ဝါရီလ ၂၃ ရက် - သင်္ချာ
ဖေဖော်ဝါရီလ ၂၄ ရက် - အခြေခံသိပ္ပံ
ဖေဖော်ဝါရီလ ၂၅ ရက် - လူမှုရေး
အဌမတန်း အတန်းတင် စာမေးပွဲ အချိန်ဇယား (နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ)
ဖေဖော်ဝါရီလ ၂၁ ရက် - မြန်မာစာ
ဖေဖော်ဝါရီလ ၂၂ ရက် - အင်္ဂလိပ်စာ
ဖေဖော်ဝါရီလ ၂၃ ရက် - သင်္ချာ
ဖေဖော်ဝါရီလ ၂၄ ရက် - ပထ၀ီဝင်
ဖေဖော်ဝါရီလ ၂၅ ရက် - သမိုင်း
ဖေဖော်ဝါရီလ ၂၆ ရက် - စာမေးပွဲနား
ဖေဖော်ဝါရီလ ၂၇ ရက် - အထွေထွေသိပ္ပံ
Source: The Voice