Sales Hotline : 09448001653       Download App



လေးနှစ်ပညာရေးဘွဲ့သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ (၃၃၀၀) ကျော်ဝင်ခွင့်ရ

တစ္ႏိုင္ငံလံုးရွိပညာေရးေကာလိပ္ (၂၅) ေက်ာင္းတြင္ ယခုႏွစ္စတင္ဖြင့္လွစ္မည့္ (၄) ႏွစ္သင္ပညာေရးဘဲြ႔သင္တန္းသစ္မ်ားအတြက္ တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသား၊ ေက်ာင္းသူ (၃,၃၄၃) ဦးဝင္ခြင့္ရေၾကာင္း ပညာေရးဝန္ၾကီးဌာနက ေအာက္တိုဘာ (၂၅) ရက္တြင္ေၾကညာသည္။

ေက်ာက္ျဖဴ၊ စစ္ကိုင္း၊ ေတာင္ၾကီး၊ ေတာင္ငူ၊ ထားဝယ္၊ ပခုကၠဴ၊ ပုသိမ္၊ ျပည္၊ ဘားအံ၊ ဘိုကေလး၊ မေကြး၊ ေမာ္လၿမိဳင္၊ မံုရြာ၊ မႏၱေလး၊ မိတၳီလာ၊ ျမစ္ၾကီးနား၊ ေျမာင္းျမ၊ ရန္ကင္း၊ လွည္းကူး၊ သဃၤန္းကြ်န္း၊ လားရိႈး၊ လြိဳင္ေကာ္၊ ဟားခါး၊ က်ိဳင္းတံု၊ ကသာပညာေရးေကာလိပ္တို႔တြင္ လာမည့္ဒီဇင္ဘာမွစတင္ကာ (၄) ႏွစ္ပညာေရးဘဲြ႔သင္တန္းသစ္ B.A, B.Sc (Education) သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္သည္။

B.A, B.Sc (Education) ဘဲြ႔သင္တန္းသစ္တက္လိုသည့္ (၂၀၁၉) တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာတြင္ ထည့္သြင္းေလွ်ာက္ထားခြင့္ျပဳခဲ့သည္။

“B.A, B.Sc (Education) အတြက္ (၃,၃၄၃) ဦးဝင္ခြင့္ရတယ္။ B.A, B.Sc (Education) ပထမအသုတ္ေပါ့ေနာ္။ ေနာက္ႏွစ္ေတြေတာ့ ေက်ာင္းရဲ႕စာသင္ခန္း၊ အိပ္ေဆာင္ေတြတိုးလာရင္ ပိုေခၚမွာပါ” ဟု အဆင့္ျမင့္ပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးကေျပာသည္။

(၂၀၁၈) အထိပညာေရးေကာလိပ္အဆင့္သာ ဖြင့္လွစ္ခဲ့၍ (၂) ႏွစ္သင္ဒီပလိုမာ ဆရာအတတ္သင္တန္းသာ ပို႔ခ်ႏိုင္ခဲ့သည္။ ယခုႏွစ္ကစၿပီး ထိုေကာလိပ္အားလံုးကို ဒီဂရီေကာလိပ္အဆင့္တိုးကာ (၄) ႏွစ္သင္ပညာေရးဘဲြ႔သင္တန္းဖြင့္လွစ္မည္ျဖစ္သည္။ ယခင္ကပညာေရးေကာလိပ္တက္ေရာက္သူမ်ားကို ဒီပလိုမာသာေပးအပ္ၿပီး မူလတန္းျပအျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ခန္႔အပ္ေသာ္လည္း ယခုႏွစ္ကစကာ ဘဲြ႔ေပးအပ္မည္ျဖစ္သည္။

(၄) ႏွစ္သင္ပညာေရးဘဲြ႔သင္တန္းအတြက္ သင္ရိုးညႊန္းတမ္းအသစ္မ်ားကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar) ႏွင့္ ပညာေရးတကၠသိုလ္၊ ပညာေရးေကာလိပ္မ်ားရွိ ပညာရွင္မ်ားပူးေပါင္းၿပီး ဆရာအတတ္ပညာတတ္ကြ်မ္းမႈ စံသတ္မွတ္ခ်က္အညႊန္းေဘာင္ကို အေျခခံေရးဆဲြထားသည္။

ျမန္မာႏိုင္ငံတြင္ ဆရာအတတ္ပညာသင္တန္းကို (၂) ႏွစ္သာပို႔ခ်သျဖင့္ ႏိုင္ငံတကာႏွင့္ အာဆီယံေဒသတြင္းႏိုင္ငံမ်ား၏ ဆရာအတတ္သင္တန္းပို႔ခ်မႈကာလႏွင့္ ႏိႈင္းယွဥ္ပါက တုိေတာင္းေနျခင္းေၾကာင့္ ပို႔ခ်မႈကာလမ်ားႏွင့္ ဒီပလိုမာေပးအပ္မႈ အစီအစဥ္တုိ႔ကိုျပင္ဆင္၍ (၄) ႏွစ္သင္ပညာေရးဒီဂရီေကာလိပ္မ်ားအျဖစ္ အဆင့္တိုးျမွင့္ျခင္းျဖစ္သည္ဟု ပညာေရးဝန္ၾကီးဌာနသို႔ တင္သြင္းထားသည္ (၄) ႏွစ္သင္ပညာေရးဒီဂရီေကာလိပ္မ်ားအျဖစ္ အဆင့္ျမွင့္တင္ဖြင့္လွစ္ႏိုင္ေရး ေဒါက္တာေအာင္ေအာင္မင္း၏ စာတမ္းတြင္ေဖာ္ျပထားပါသည္။

(၁၉၈၈) တြင္ ျမန္မာႏိုင္ငံဆရာအတတ္သင္ သိပၸံေက်ာင္းမ်ားကို ပညာေရးေကာလိပ္အျဖစ္ အဆင့္ျမွင့္တင္ဖြင့္လွစ္ခဲ့သည္။

Source: 7Day News

 

**Unicode**

တစ်နိုင်ငံလုံးရှိပညာရေးကောလိပ် (၂၅) ကျောင်းတွင် ယခုနှစ်စတင်ဖွင့်လှစ်မည့် (၄) နှစ်သင်ပညာရေးဘွဲ့သင်တန်းသစ်များအတွက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ (၃,၃၄၃) ဦးဝင်ခွင့်ရကြောင်း ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ (၂၅) ရက်တွင်ကြေညာသည်။

ကျောက်ဖြူ၊ စစ်ကိုင်း၊ တောင်ကြီး၊ တောင်ငူ၊ ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ ဘားအံ၊ ဘိုကလေး၊ မကွေး၊ မော်လမြိုင်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မြောင်းမြ၊ ရန်ကင်း၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ လားရှိုး၊ လွိုင်ကော်၊ ဟားခါး၊ ကျိုင်းတုံ၊ ကသာပညာရေးကောလိပ်တို့တွင် လာမည့်ဒီဇင်ဘာမှစတင်ကာ (၄) နှစ်ပညာရေးဘွဲ့သင်တန်းသစ် B.A, B.Sc (Education) သင်တန်းများဖွင့်လှစ်မည်ဖြစ်သည်။

B.A, B.Sc (Education) ဘွဲ့သင်တန်းသစ်တက်လိုသည့် (၂၀၁၉) တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ထည့်သွင်းလျှောက်ထားခွင့်ပြုခဲ့သည်။

“B.A, B.Sc (Education) အတွက် (၃,၃၄၃) ဦးဝင်ခွင့်ရတယ်။ B.A, B.Sc (Education) ပထမအသုတ်ပေါ့နော်။ နောက်နှစ်တွေတော့ ကျောင်းရဲ့စာသင်ခန်း၊ အိပ်ဆောင်တွေတိုးလာရင် ပိုခေါ်မှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

(၂၀၁၈) အထိပညာရေးကောလိပ်အဆင့်သာ ဖွင့်လှစ်ခဲ့၍ (၂) နှစ်သင်ဒီပလိုမာ ဆရာအတတ်သင်တန်းသာ ပို့ချနိုင်ခဲ့သည်။ ယခုနှစ်ကစပြီး ထိုကောလိပ်အားလုံးကို ဒီဂရီကောလိပ်အဆင့်တိုးကာ (၄) နှစ်သင်ပညာရေးဘွဲ့သင်တန်းဖွင့်လှစ်မည်ဖြစ်သည်။ ယခင်ကပညာရေးကောလိပ်တက်ရောက်သူများကို ဒီပလိုမာသာပေးအပ်ပြီး မူလတန်းပြအဖြစ် အခြေခံပညာကျောင်းများတွင် ခန့်အပ်သော်လည်း ယခုနှစ်ကစကာ ဘွဲ့ပေးအပ်မည်ဖြစ်သည်။

(၄) နှစ်သင်ပညာရေးဘွဲ့သင်တန်းအတွက် သင်ရိုးညွှန်းတမ်းအသစ်များကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar) နှင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များရှိ ပညာရှင်များပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်ကို အခြေခံရေးဆွဲထားသည်။

မြန်မာနိုင်ငံတွင် ဆရာအတတ်ပညာသင်တန်းကို (၂) နှစ်သာပို့ချသဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ဆရာအတတ်သင်တန်းပို့ချမှုကာလနှင့် နှိုင်းယှဉ်ပါက တိုတောင်းနေခြင်းကြောင့် ပို့ချမှုကာလများနှင့် ဒီပလိုမာပေးအပ်မှု အစီအစဉ်တို့ကိုပြင်ဆင်၍ (၄) နှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည် (၄) နှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း၏ စာတမ်းတွင်ဖော်ပြထားပါသည်။

(၁၉၈၈) တွင် မြန်မာနိုင်ငံဆရာအတတ်သင် သိပ္ပံကျောင်းများကို ပညာရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။

Source: 7Day News

Latest Post News Read 2785 times