တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ ထုတ်ယူနိုင်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ ထုတ်ယူနိုင်

အောင်လက်မှတ် ထုတ်ယူရာတွင် ပါဝင်ရမည့် အချက်များ

. ကိုယ်တိုင်ထုတ်ယူခြင်း

 

(က) လျှောက်လွှာတင်စဉ်က ရရှိသည့် လက်ခံရရှိကြောင်း ဖြတ်ပိုင်းဖြင့် တင်ပြထုတ်ယူရမည်။

 

() ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အမိအမည်၊ အဖအမည်နှင့် နေရပ်လိပ်စာတို့လိုအပ်မည်ဖြစ်သည်။

 

. ကိုယ်စားလှယ်ဖြင့် ထုတ်ယူခြင်း

 

(က) လျှောက်လွှာတင်စဉ်က ရရှိသည့် လက်ခံရရှိကြောင်း ဖြတ်ပိုင်း

 

() ကိုယ်စားလှယ်လွှဲစာ

 

() ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူ (သို့) သန်းခေါင်စာရင်း မိတ္တူ (သို့) ကျောင်းသားကဒ် မိတ္တူ (သို့) မှတ်ပုံတင်မပြုလုပ်ရသေးကြောင်း ရပ်ကွက် ထောက်ခံစာ

 

() ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ

 

() ကျောင်းသား/သူ၏ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အမိ အမည်၊ အဖ အမည်နှင့် နေရပ်လိပ်စာတို့လို အပ်သည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ၏ လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၊ ဇွဲကပင်ဆောင်နှင့် နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) တို့တွင် ထုတ်ယူနိုင်ပါသည်။

 

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ထုတ်ယူပြီး ပျောက်ဆုံးသူများအနေဖြင့် အောင်လက်မှတ်မိတ္တူကို ပြန်လည်လျှောက်ထားမည်ဆိုပါက ၁ နှစ်အကြာမှသာ ပြန်လည်လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ အောင်လက်မှတ်မူရင်းပျောက်ဆုံးကြောင်း အစီအရင်ခံစာနှင့်ပူးတွဲကာ အောင်လက်မှတ်ကို မည်ကဲ့သို့ပုံစံဖြင့် ပျောက်ဆုံးခြင်း၊ ပျောက်ဆုံးသော အောင်လက်မှတ်ကို အခြားသူ ၁ဦးဦးက အသုံးပြုနေပါက မိမိက လုံးဝတာဝန်ယူပါမည်ဟူသော ကတိခံဝန်ချက်တို့နှင့်အတူ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပြန်တမ်းဝင်အရာရှိ ၂ ဦး၏ လက်မှတ်တို့နှင့်အတူ ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Department of Myanmar Examination

News Read 6953 times