အစားအေသာက္ဆိုင္ရာ အင္ဂ်င္နီယာဘဲြ႔ B.E (Food Engineering) သင္တန္းကို လာမည့္ဒီဇင္ဘာမွ စတင္ကာ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ ဖြင့္မည္ျဖစ္သည္။
အဆိုပါဘာသာရပ္ကို ျမန္မာႏိုင္ငံတြင္ ပထမဆံုးအႀကိမ္စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး သင္တန္းကာလ (၆) ႏွစ္တက္ရမည္ျဖစ္သည္။
“ဥပမာ Packaging တို႔၊ Food Safety တို႔၊ အစားအေသာက္နဲ႔ ပတ္သက္တဲ့ Microbiology တို႔၊ တန္ဖိုးျမင့္တဲ့ အစားအေသာက္ထုတ္ကုန္ ထုတ္လုပ္တာေတြနဲ႔ ပတ္သက္ၿပီး သင္ေပးမွာျဖစ္တယ္။ အရင္တုန္းက ျမန္မာျပည္မွာ မရွိေသးတဲ့ ဘာသာရပ္အသစ္ ဒီႏွစ္ပထမဆံုးဖြင့္မွာပါ” ဟု အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္ ဥကၠဌ ေဒါက္တာမ်ိဳးၾကြယ္ကေျပာသည္။
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ဒီဇင္ဘာ ေက်ာင္းဖြင့္ခ်ိန္ကစတင္ကာ ထိုဘဲြ႔သင္တန္းအသစ္ဖြင့္မည္ျဖစ္ရာ (၂၀၁၉) တကၠသိုလ္ဝင္စာေမးပဲြတြင္ ရူပေဗဒ၊ ဓာတုေဗဒ၊ သခ်ၤာ၊ အဂၤလိပ္စာဘာသာရပ္ (၄) ခု၏ စုစုေပါင္းရမွတ္ (၃၂၀) အထက္ ရွိသူမ်ားကို ရန္ကုန္နည္းပညာတကၠသိုလ္က သင္တန္းဝင္ခြင့္ေလွ်ာက္ထားခြင့္ျပဳထားသည္။
Food Technology (13) အစားအေသာက္ နည္းပညာသင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။
B.E (Food Engineering) ဘာသာရပ္အပါအဝင္ ရန္ကုန္နည္းပညာတကၠသိုလ္ကဖြင့္မည့္ ဘဲြ႔ႀကိဳဘာသာရပ္မ်ား၏ သင္တန္းဝင္ခြင့္ရသူမ်ားစာရင္းကို ေအာက္တိုဘာေနာက္ဆံုးပတ္တြင္ ေၾကညာေပးရန္လ်ာထားသည္ဟု အဆင့္ျမင့္ပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာထားသည္။
ရန္ကုန္နည္းပညာတကၠသိုလ္တြင္ Diploma of Food Technology, Master of Food Technology ဘဲြ႔သင္တန္းမ်ားကို ဖြင့္လွစ္ထားၿပီး ယခုႏွစ္ကစကာ Food Engineering ဘာသာရပ္ကို ဘဲြ႔သင္တန္းအျဖစ္ ပထမဆံုး စတင္ဖြင့္လွစ္ျခင္းျဖစ္သည္။
Read More:>>> တကၠသုိလ္ဝင္တန္း ေက်ာင္းသား/သူမ်ား သခ်ၤာဘာသာ ေလ့လာႏုိင္ရန္အတြက္
အာရွဖြံ႔ၿဖိဳးေရးဘဏ္၏ (၂၀၁၅) အာရွပစိဖိတ္ဆိုင္ရာ သုေတသနစာတမ္းအရ ျမန္မာႏိုင္ငံ၏ အလုပ္အကိုင္ရရွိႏိုင္မႈတြင္ စိုက္ပ်ိဳးေရးက႑သည္ (၅၀%) ျဖင့္ အႀကီးမားဆံုးျဖစ္ျခင္းေၾကာင့္ စိုက္ပ်ိဳးေရး၊ ဆည္ေျမာင္း၊ အစားအေသာက္ဆိုင္ရာ အင္ဂ်င္နီယာဘာသာရပ္မ်ားကို နည္းပညာတကၠသိုလ္၊ ေကာလိပ္၊ သိပၸံမ်ားတြင္ တိုးခ်ဲ႕ဖြင့္လွစ္သင့္သည္ဟု အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္က ပညာေရးဝန္ႀကီးဌာနသို႔ အႀကံျပဳထားသည္။
Source: 7Day Daily
**Unicode**
အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ B.E (Food Engineering) သင်တန်းကို လာမည့်ဒီဇင်ဘာမှ စတင်ကာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဖွင့်မည်ဖြစ်သည်။
အဆိုပါဘာသာရပ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၆) နှစ်တက်ရမည်ဖြစ်သည်။
“ဥပမာ Packaging တို့၊ Food Safety တို့၊ အစားအသောက်နဲ့ ပတ်သက်တဲ့ Microbiology တို့၊ တန်ဖိုးမြင့်တဲ့ အစားအသောက်ထုတ်ကုန် ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီး သင်ပေးမှာဖြစ်တယ်။ အရင်တုန်းက မြန်မာပြည်မှာ မရှိသေးတဲ့ ဘာသာရပ်အသစ် ဒီနှစ်ပထမဆုံးဖွင့်မှာပါ” ဟု အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်ကပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒီဇင်ဘာ ကျောင်းဖွင့်ချိန်ကစတင်ကာ ထိုဘွဲ့သင်တန်းအသစ်ဖွင့်မည်ဖြစ်ရာ (၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်စာဘာသာရပ် (၄) ခု၏ စုစုပေါင်းရမှတ် (၃၂၀) အထက် ရှိသူများကို ရန်ကုန်နည်းပညာတက္ကသိုလ်က သင်တန်းဝင်ခွင့်လျှောက်ထားခွင့်ပြုထားသည်။
Food Technology (13) အစားအသောက် နည်းပညာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
B.E (Food Engineering) ဘာသာရပ်အပါအဝင် ရန်ကုန်နည်းပညာတက္ကသိုလ်ကဖွင့်မည့် ဘွဲ့ကြိုဘာသာရပ်များ၏ သင်တန်းဝင်ခွင့်ရသူများစာရင်းကို အောက်တိုဘာနောက်ဆုံးပတ်တွင် ကြေညာပေးရန်လျာထားသည်ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောထားသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Diploma of Food Technology, Master of Food Technology ဘွဲ့သင်တန်းများကို ဖွင့်လှစ်ထားပြီး ယခုနှစ်ကစကာ Food Engineering ဘာသာရပ်ကို ဘွဲ့သင်တန်းအဖြစ် ပထမဆုံး စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။
Read More:>>> တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ သင်္ချာဘာသာ လေ့လာနိုင်ရန်အတွက်
အာရှဖွံ့ဖြိုးရေးဘဏ်၏ (၂၀၁၅) အာရှပစိဖိတ်ဆိုင်ရာ သုတေသနစာတမ်းအရ မြန်မာနိုင်ငံ၏ အလုပ်အကိုင်ရရှိနိုင်မှုတွင် စိုက်ပျိုးရေးကဏ္ဍသည် (၅၀%) ဖြင့် အကြီးမားဆုံးဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များကို နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် တိုးချဲ့ဖွင့်လှစ်သင့်သည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ အကြံပြုထားသည်။
Source: 7Day Daily