၂၀၁၈-၁၉ ပညာသင် နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပထမဆုံး ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ ဘာသာ ရပ် ဘွဲ့ကြိုသင်တန်းသို့ ကျောင်း သား၊ ကျောင်းသူ ၄၇ ဦး တက် ရောက်ခွင့်ရရှိကြောင်း ရန်ကုန် တက္ကသိုလ် က ကြေညာသည်။
၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲ စုစုပေါင်း ရမှတ် ၄၂၀၊ အင်္ဂလိပ်စာ ရမှတ် ၆၀၊ ဇီဝဗေဒ ၇၅ မှတ် ရရှိသူများအား ရန်ကုန် တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ဝင်ခွင့် လျှောက်ထား ခွင့်ပြုပြီး နှုတ်ဖြေထပ်မံစစ်ဆေး ကာ ဝင်ခွင့်ရွေးချယ်လက်ခံခြင်း ဖြစ်သည်။
‘‘ငါးလုပ်ငန်းက ၄၇ ဦး ဝင်ခွင့် ရထားပါတယ်။ ဝင်ခွင့်လျှောက်ဖို့ သတ်မှတ်အမှတ် ပြည့်သူတွေ ကို သတ္တဗေဒဌာနက လူတွေ့စစ် ဆေးမှုလုပ်ပြီး ဝင်ခွင့်ရွေးချယ် ထားတာပါ’’ဟု ရန်ကုန်တက္က သိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာန လက် ထောက်မော်ကွန်းထိန်း ဦးအောင် စိုးက ပြောသည်။
ငါးလုပ်ငန်းဆိုင်ရာ ဘာသာ ရပ် ဘွဲ့ကြိုသင်တန်းကို ရန်ကုန် တက္ကသိုလ် သတ္တဗေဒဌာန ဆရာ၊ ဆရာမများက ပို့ချမည်ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ငါးလုပ်ငန်းဦးစီး ဌာန ပညာရှင်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပညာရှင် များက Special Lecture များ ပို့ချမည်ဟု ရန်ကုန်တက္ကသိုလ်က ကြေညာထားသည်။
သင်တန်းကာလ လေးနှစ် တက်ရောက်ရမည်ဖြစ်ပြီး ပထမ နှစ်တွင် ရေလုပ်ငန်းဆိုင်ရာ ဘာ သာရပ် နိဒါန်း ရေနေသတ္တဝါဇီဝ ဗေဒ၊ ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ငါးနှင့် ရေသတ္တဝါရောဂါဗေဒ၊ ငါးလုပ်ငန်းဆိုင်ရာ စီမံကြီးကြပ်မှု ဘာသာရပ်၊ ငါးမွေးမြူရေးနှင့် ရေရှည်ထုတ်လုပ်နိုင်ရေး ဘာသာ ရပ်၊ ငါး၊ ပုစွန် ဆေးထိုးသား ဖောက်ခြင်းနှင့် ပြုစုခြင်းဘာသာရပ်၊ ငါး၊ ပုစွန်အစာအာဟာရ ဗေဒ၊ ရေသတ္တဝါများ ကုန်ချော ထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာ ရပ်၊ ထုတ်ကုန်အရည်အသွေးနှင့် အစာအာဟာရ လုံခြုံမှုဆိုင်ရာ ဘာသာရပ် ယူသည့်အထူးပြုဘာ သာရပ်များကို စာတွေ့၊ လက် တွေ့ပေါင်းစပ်သင်ကြားမည် ဖြစ်သည်။
ထို့အပြင် ငါးလုပ်ငန်းဆိုင် ရာ ဘာသာရပ်တွင် တတိယနှစ်ကစ၍ အလုပ်သင်အစီအစဉ် ပါဝင် ပြီး ကျောင်းသား၊ ကျောင်းသူများ သည် ဝါသနာပါရာ ငါး၊ ပုစွန်မွေး မြူရေးကန်များ၊ ဓာတ်ခွဲခန်းများ၊ ငါးအစာ စက်ရုံများ၊ ငါးတန်ဖိုး မြင့် ထုတ်ကုန်စက်ရုံများ၊ ငါးသားဖောက်စခန်းများသို့ လက်တွေ့ ကွင်းဆင်းရမည်ဖြစ်သည်။
‘‘ရန်ကုန်တက္ကသိုလ်ထဲမှာ ဘွဲ့ကြိုအရင်ဖွင့်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနဘက်က ဒီဘာသာရပ် သင်တဲ့ တက္ကသိုလ် သီးသန့်ဆက် ဖွင့်ဖို့ လျာထားပါတယ်’’ဟု ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။
ရန်ကုန်တက္ကသိုလ်၌ ဓာတ်ခွဲခန်း၊ စာသင်ခန်း၊ ဆရာ၊ ဆရာမဦးရေ ပြည့်စုံသဖြင့် ငါးလုပ်ငန်း ဆိုင်ရာ ဘာသာရပ် ဘွဲ့ကြိုသင်တန်းကို ပထမဆုံးဖွင့်လှစ်ခြင်းဖြစ် ပြီး နောက်ပိုင်းတွင် ငါးလုပ်ငန်း တက္ကသိုလ်တစ်ခု သီးသန့်ဖွင့်လှစ် သင်ကြားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောကြား ထားသည်။
ငါးလုပ်ငန်းဆိုင်ရာ ဘာသာ ရပ် ဘွဲ့ကြိုသင်တန်းကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဝင်ခွင့်ရသူများသည် အောက် တိုဘာ ၁၇ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်က ဘွဲ့ ကြိုသင်တန်း ၂၁ ခု ပြန်လည်ဖွင့် လှစ်ကာ ၂၀၁၇-၁၈ ပညာသင် နှစ်အထိ စာကြည့်တိုက်နှင့် သုတ ပညာ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝ ဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့ ကျင့်မှုပညာ ဘာသာရပ်အသစ် လေးခု တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
လာမည့် ပညာသင်နှစ်တွင် ငါး လုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ထပ်တိုးဖွင့်လှစ်မည်ဖြစ်သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day