ရန်ကုန်တက္ကသိုလ်စတင်ဖွင့်လှစ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
မြန်မာနိုင်ငံသည် ၂၈၂၃ စတုရန်းကီလိုမီတာရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းဒေသတစ်လျှောက် အဏ္ဏ၀ါငါးသယံဇာတထုထည် တည်ရှိမှုမှာ သန်းပေါင်း ၁ ဒသမ ၇၅၉ မက်ထရစ်တန် ရှိကာ တစ်နှစ်လျှင် သန်း ၁ ဒသမ ၀၅ မက်ထရစ်တန်ရှိသည်။
ထို့အတူ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း စသည့် မြစ်ကြီးများသည်လည်း နိုင်ငံ၏ ငါးသယံဇာတပေါကြွယ်ဝမှု အတွက် အထောက်အပံ့ ပေးလျက်ရှိ သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)၊ အထက်မြန်မာပြည် ငါးလုပ်ငန်း သင်တန်းကျောင်း (စစ်ကိုင်း)၊ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ (ဖျာပုံ) တို့ကို ဖွင့်လှစ်ထားရှိသည်။
READ - ၇ တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်တဲ့ အနုပညာ အထက်တန်းကျောင်း
ငါးလုပ်ငန်းဆိုင်ရာသင်တန်းများကို UDP, FAO, DANIDA တို့နှင့် ပူးပေါင်းလျက် သင်ကြားလေ့ကျင့် ပျိုးထောင်ပေးလျက် ရှိသည်။
ယင်းနှင့်ပတ်သက်ပြီး အဏ္ဏ၀ါလုပ်ငန်းနဲ့ပတ်သက်ပြီး သီးခြားဘွဲ့ပေးတာမျိုးမြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ဘွဲ့အနေနဲ့ သီးခြားပေးနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ မော်လမြိုင် တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်တွေမှာ အဏ္ဏ၀ါသိပ္ပံဌာနဖွင့်လှစ်ပြီး အဏ္ဏ၀ါသိပ္ပံဘွဲ့ပေးအပ်နေတွေရှိပါတယ်။ ငါးလုပ်ငန်းသိပ္ပံပညာဘွဲ့အနေနဲ့တော့ ပေးအပ်တာ မရှိသေးပါဘူး။ လိုလည်းလိုအပ်ပါတယ်။ ၂၀၁၈ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်” ဟုပြောသည်။
ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးကတ်ရေးတို့အတွက် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရန် ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ဆုံးဖြတ် အတည်ပြုခဲ့ကြောင်းလည်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy today