**Unicode**
AGTI ကျောင်း (၃) ကျောင်းတွင် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်အသစ်ဖြစ်သည့် Farm Machinery ဘာသာရပ်ဒီပလိုမာကို ဒီဇင်ဘာ၌ စတင်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုသည့် စက်မှုပစ္စည်း ထုတ်လုပ်ပြုပြင်ခြင်းဆိုင်ရာပညာရပ်များ သင်ကြားမည့်ထိုဘာသာရပ်အသစ်ကို AGTI (၃) နှစ် ဒီပလိုမာသင်တန်းအဖြစ် အစိုးရနည်းပညာ ကောလိပ် (ရွှေဘို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ၊ ကျိုက်လတ်)တို့တွင် စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ထိုဘာသာရပ်အသစ် ဖွင့်လှစ်သင်ကြားရန် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်တို့ ၂၀၁၈ အတွင်း ညှိနှိုင်းပြီးနောက် လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။
"လာမယ့်ပညာသင်နှစ်မှာ AGTI ကျောင်း (၃) ကျောင်းလောက်မှာ စဖွင့်နိုင်ဖို့ လုပ်နေတယ်။စိုက်ပျိုးရေး အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်က ဆိုပါတယ်။
AGTI ဒီပလိုမာ Farm Machinery ဘာသာရပ်အသစ်အတွက် သင်ရိုးညွှန်းတမ်းမူကြမ်းနှင့် သင်ရိုးမူဘောင်များ ရေးဆွဲပြီးစီးပြီဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၅ အာရှ-ပစိဖိတ်ဆိုင်ရာ သုတေသန စာတမ်းအရ မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရရှိနိုင်မှုတွင် စိုက်ပျိုးရေးကဏ္ဍသည် ၅၀ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဖြစ်ခြင်း ကြောင့် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ အစားအသောက်ဆိုင်ရာ အင် ဂျင်နီယာ ဘာသာရပ်များကို နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် တိုးချဲ့ဖွင့်လှစ်သင့်သည် ဟု အမျိုးသားပညာရေး မူဝါဒကော်မရှင်က ပညာရေးဝန်ကြီး ဌာနသို့ အကြံပြုထားသည်။
ရန်ကုန်နည်းပညာ တက္ကသိုလ်၌ စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့သင်တန်းကို ၁၉၆၂ မှ ၁၉၇၂ အထိ ဖွင့်လှစ်ဖူးပြီး စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့ရ (၈) ဦးသာရှိတယ်လို့သိရပါတယ်။
Source: Myawaddy
**Zawgyi**
AGTI ေက်ာင္း (၃) ေက်ာင္းတြင္ စိုက္ပ်ိဳးေရးအင္ဂ်င္နီယာ ဘာသာရပ္အသစ္ျဖစ္သည့္ Farm Machinery ဘာသာရပ္ဒီပလိုမာကို ဒီဇင္ဘာ၌ စတင္ဖြင့္လွစ္ရန္ ပညာေရး၀န္ႀကီးဌာနက စီစဥ္ေနပါတယ္။
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ စိုက္ပ်ိဳးေရးလုပ္ငန္းခြင္တြင္ အသံုးျပဳသည့္ စက္မႈပစၥည္း ထုတ္လုပ္ျပဳျပင္ျခင္းဆိုင္ရာပညာရပ္မ်ား သင္ၾကားမည့္ထိုဘာသာရပ္အသစ္ကို AGTI (၃) ႏွစ္ ဒီပလိုမာသင္တန္းအျဖစ္ အစိုးရနည္းပညာ ေကာလိပ္ (ေရႊဘို)ႏွင့္ အစိုးရစက္မႈလက္မႈသိပၸံ (ဝါးခယ္မ၊ က်ိဳက္လတ္)တို႔တြင္ စတင္ဖြင့္လွစ္သြားမွာ ျဖစ္ပါတယ္။
ထိုဘာသာရပ္အသစ္ ဖြင့္လွစ္သင္ၾကားရန္ ပညာေရးဝန္ႀကီးဌာန နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနႏွင့္ အမ်ဳိးသားပညာေရးမူ၀ါဒေကာ္မရွင္တို႔ ၂၀၁၈ အတြင္း ညိႇႏိႈင္းၿပီးေနာက္ လာမည့္ပညာသင္ႏွစ္တြင္ စတင္ဖြင့္လွစ္ရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္ပါတယ္။
"လာမယ့္ပညာသင္ႏွစ္မွာ AGTI ေက်ာင္း (၃) ေက်ာင္းေလာက္မွာ စဖြင့္ႏုိင္ဖို႔ လုပ္ေနတယ္။စိုက္ပ်ဳိးေရး အင္ဂ်င္နီယာေတြ ေမြးထုတ္ႏိုင္ဖို႔ ရည္ရြယ္ပါတယ္" ဟု အမ်ဳိးသားပညာေရး မူဝါဒေကာ္မရွင္ ဥကၠ႒ ေဒါက္တာ မ်ဳိးႂကြယ္က ဆိုပါတယ္။
AGTI ဒီပလိုမာ Farm Machinery ဘာသာရပ္အသစ္အတြက္ သင္႐ိုးၫႊန္းတမ္းမူၾကမ္းႏွင့္ သင္႐ိုးမူေဘာင္မ်ား ေရးဆြဲၿပီးစီးၿပီဟု နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွ သိရပါတယ္။
အာရွဖြံ႕ၿဖိဳးေရးဘဏ္၏ ၂၀၁၅ အာရွ-ပစိဖိတ္ဆိုင္ရာ သုေတသန စာတမ္းအရ ျမန္မာႏိုင္ငံ၏ အလုပ္အကိုင္ ရရွိႏိုင္မႈတြင္ စိုက္ပ်ိဳးေရးက႑သည္ ၅၀ ရာခိုင္ႏႈန္းျဖင့္ အႀကီးမားဆံုးျဖစ္ျခင္း ေၾကာင့္ စိုက္ပ်ိဳးေရး၊ ဆည္ေျမာင္း၊ အစားအေသာက္ဆိုင္ရာ အင္ ဂ်င္နီယာ ဘာသာရပ္မ်ားကို နည္းပညာတကၠသိုလ္၊ ေကာလိပ္၊ သိပၸံမ်ားတြင္ တိုးခ်ဲ႕ဖြင့္လွစ္သင့္သည္ ဟု အမ်ဳိးသားပညာေရး မူ၀ါဒေကာ္မရွင္က ပညာေရး၀န္ႀကီး ဌာနသို႔ အႀကံျပဳထားသည္။
ရန္ကုန္နည္းပညာ တကၠသိုလ္၌ စိုက္ပ်ိဳးေရး အင္ဂ်င္နီယာဘြဲ႕သင္တန္းကို ၁၉၆၂ မွ ၁၉၇၂ အထိ ဖြင့္လွစ္ဖူးၿပီး စုိက္ပ်ိဳးေရး အင္ဂ်င္နီယာဘြဲ႕ရ (၈) ဦးသာရွိတယ္လို႔သိရပါတယ္။
Source: Myawaddy