Fair & Lovely မှ အမှတ် (၃၀၀) နှင့်အထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ပညာသင်ဆုပေးအပ်မည်

Fair & Lovely မွ အမွတ္ (၃၀၀) ႏွင့္အထက္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ေသာ ေက်ာင္းသူမ်ားကို ပညာသင္ဆုေပးအပ္မည္ျဖစ္ေၾကာင္း ႏိုဝင္ဘာ (၂) ရက္က ရန္ကုန္ၿမိဳ႕ရွိ မဟာဗႏၶဳလပန္းျခံတြင္ျပဳလုပ္သည့္အဆိုပါ ပညာသင္ဆုအခမ္းအနားမွသိရသည္။

"ျမန္မာအမ်ိဳးသမီးေတြရဲ႕ အိမ္မက္ေတြနဲ႔ရည္ရြယ္ခ်က္ေတြကို ေအာင္ျမင္ေအာင္ကူညီေပးႏိုင္ဖို႔ ရည္ရြယ္ျပဳလုပ္တာျဖစ္ပါတယ္။ Fair & Lovely ကသူတို႔လိုအပ္တဲ့ပညာရပ္အတြက္ ေငြေၾကးပ့ံပိုးေပးမွာပါ" ဟု Fair & Lovely မွ Brand Manager ေဒၚၿဖိဳးအိစိုးကေျပာသည္။

အဆုိပါပညာသင္ဆုကို တကၠသိုလ္ဝင္တန္းစာေမးပဲြတြင္ အမွတ္ (၃၀၀) ႏွင့္အထက္ ရရွိေအာင္ျမင္ေသာ ေက်ာင္းသူမ်ားသာေလွ်ာက္ထားခြင့္ရမည္ျဖစ္ၿပီး အမ်ိဳးသမီး (၄၀) ဦးကို ေရြးခ်ယ္ေပးမည္ျဖစ္သည္။

ထုိ႔ျပင္ပညာသင္ဆုရရွိသူမ်ားအားမိမိတို႔အထူးျပဳဘာသာရပ္ဆိုင္ရာမ်ားကို (၁) ႏွစ္မွ (၄) ႏွစ္အတြင္းတကၠသိုလ္ပညာေရးအတြက္ ဘ႑ာေရးဆိုင္ရာအေထာက္အပ့ံမ်ားေပးအပ္မည့္အျပင္ ကိုယ္ရည္ကိုယ္ေသြးအတြက္လမ္းညႊန္မႈမ်ားကိုလည္း သင္ၾကားေပးမည္ျဖစ္ေၾကာင္း၊ ပညာသင္ဆုအျဖစ္ (၁) ႏွစ္လွ်င္ ေငြက်ပ္ (၈) သိန္း (သို႔) (၄) ႏွစ္စာေငြကိုရရွိမည္ျဖစ္ေၾကာင္းသိရသည္။

ယင္းကဲ့သို႔ပညာသင္ဆုေပးအပ္ျခင္းကို ျမန္မာႏိုင္ငံတြင္ ပထမအၾကိမ္ စတင္ေဆာင္ရြက္ျခင္းျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို ယခုလမွစ၍ (၂၀၂၀) ျပည့္ႏွစ္ ေဖေဖာ္ဝါရီလအထိ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ လက္ခံမည္ျဖစ္ကာ (၂၀၂၀) ျပည့္ႏွစ္ မတ္လတြင္ ပညာသင္ဆုေရြးခ်ယ္ကာ ဆုပေးပဲြက်င္းပမည္ျဖစ္သည္။

ပညာသင္ဆုေလွ်ာက္ထားသူမ်ားသည္ မိသားစုဝင္ေငြက်ပ္ (၅) သိန္းမေက်ာ္သူမ်ားျဖစ္ၿပီး Unilever မွ မိသားစုဝင္မ်ား မပါဝင္ေၾကာင္းႏွင့္ အေသးစိတ္သိရွိလိုပါက ဖုန္း - ၀၉၉၆၀၀၅၄၈၅၀ (သို႔) Fair & Lovely Myanmar Facebook Page တြင္ ဆက္သြယ္စံုစမ္းႏိုင္ေၾကာင္းသိရသည္။

Source: ျမဝတီ

 

**Unicode**

 

Fair & Lovely မှ အမှတ် (၃၀၀) နှင့်အထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသူများကို ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း နိုဝင်ဘာ (၂) ရက်က ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်သည့်အဆိုပါ ပညာသင်ဆုအခမ်းအနားမှသိရသည်။

"မြန်မာအမျိုးသမီးတွေရဲ့ အိမ်မက်တွေနဲ့ရည်ရွယ်ချက်တွေကို အောင်မြင်အောင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ Fair & Lovely ကသူတို့လိုအပ်တဲ့ပညာရပ်အတွက် ငွေကြေးပံ့ပိုးပေးမှာပါ" ဟု Fair & Lovely မှ Brand Manager ဒေါ်ဖြိုးအိစိုးကပြောသည်။

အဆိုပါပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ် (၃၀၀) နှင့်အထက် ရရှိအောင်မြင်သော ကျောင်းသူများသာလျှောက်ထားခွင့်ရမည်ဖြစ်ပြီး အမျိုးသမီး (၄၀) ဦးကို ရွေးချယ်ပေးမည်ဖြစ်သည်။

ထို့ပြင်ပညာသင်ဆုရရှိသူများအားမိမိတို့အထူးပြုဘာသာရပ်ဆိုင်ရာများကို (၁) နှစ်မှ (၄) နှစ်အတွင်းတက္ကသိုလ်ပညာရေးအတွက် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များပေးအပ်မည့်အပြင် ကိုယ်ရည်ကိုယ်သွေးအတွက်လမ်းညွှန်မှုများကိုလည်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ ပညာသင်ဆုအဖြစ် (၁) နှစ်လျှင် ငွေကျပ် (၈) သိန်း (သို့) (၄) နှစ်စာငွေကိုရရှိမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ပညာသင်ဆုပေးအပ်ခြင်းကို မြန်မာနိုင်ငံတွင် ပထမအကြိမ် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လျှောက်လွှာများကို ယခုလမှစ၍ (၂၀၂၀) ပြည့်နှစ် ဖေဖော်ဝါရီလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ခံမည်ဖြစ်ကာ (၂၀၂၀) ပြည့်နှစ် မတ်လတွင် ပညာသင်ဆုရွေးချယ်ကာ ဆုပေးပွဲကျင်းပမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားသူများသည် မိသားစုဝင်ငွေကျပ် (၅) သိန်းမကျော်သူများဖြစ်ပြီး Unilever မှ မိသားစုဝင်များ မပါဝင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၉၉၆၀၀၅၄၈၅၀ (သို့) Fair & Lovely Myanmar Facebook Page တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Source: မြဝတီ

News Local Read 4305 times