၁။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၁၈-၂၀၁၉ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းအသီးသီးသို့ တက်ရောက်ရန်ကျောင်းသားအဖြစ်
မှတ်ပုံတင်လျှောက်ထားခဲ့ကြသော်လည်း ၂၀၁၉ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော ပထမနှစ်ဝက်စာမေးပွဲ၌ လုံးဝလာရောက်မဆိုခြင်း။ ပြီးပြည့်စုံစွာ
လာရောက်ဖြေဆိုခြင်းမရှိသူများနှင့် ကျရှုံးသူပူးတွဲဖော်ပြပါ ကျောင်းသား၊ ကျောင်းသူ များအား စာမေးပွဲတစ်ကြိမ်ကျသူများအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်ပါသည်။
၂။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စတင်ဖွင့်လှစ်သည့် အချိန်မှသာ သင်တန်းသားအဖြစ် ပြန်လည်တက်ရောက်ခွင့် လျှောက်ထားကြရမည်ဖြစ်ပါသည်။
၃။ သို့ပါ၍ ကျရှုံးသူများသည် (၂)နှစ်ဆက်တိုက် ကျရှုံးထားခြင်းမရှိပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ကျောင်းသားဟောင်းအဖြစ် ပြန်လည်တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာလိုက်ပါသည်။
(အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)