န၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများ မေ ၂ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမည်

န၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများ မေ ၂ ရက်မှ ၁၀ ရက်အတွင်း ကျင်းပမည်

ထောက်ခံစာတွေရှိတယ်ဆိုရင် ဘယ်နေရာရောက်ရောက်၊ မြို့နယ်ပညာရေးမှူးရုံးတွေကနေ တစ်ဆင့်ဝင်ရောက်ဖြေဆို နိုင်ပါသည်။

ထိုစာမေးပွဲကို ၀င်ရောက်ဖြေဆိုလိုသူများ အနေဖြင့် မိမိတို့ ရောက်ရှိရာ မြို့နယ်ပညာရေးမှူးရုံးများတွင် အဌမတန်းအောင်မြင်ကြောင်း ထောက်ခံစာ၊ န၀မတန်းကျရှုံးထားသည့် ထောက်ခံစာများဖြင့် ဧပြီလထဲတွင် လျှောက်ထား ရမည် ဖြစ်သည်။

အကျဉ်းထောင်များသို့ ရောက်ရှိနေသော အချုပ်ကျ န၀မတန်းကျောင်းသား/သူများကိုလည်း အဆိုပါ စာမေးပွဲ ဖြေဆိုခွင့်အား သက်ဆိုင်ရာ တရာရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုပါက အကျဉ်းထောင်များတွင် စာစစ်ဌာနများ ဖွင့်လှစ်ပြီး ဖြေဆိုခွင့်ပေးနေသည်။

ယင်းစာမေးပွဲကို မေလတွင်ဖြေဆိုပြီးပါက မေလ ၂၃ ရက်တွင် အောင်စာရင်း ထုတ်ပြန်မည်ကိုလည်း လျာထားကြောင်း စာမေးပွဲဖြေဆိုသူ စာရင်းများ ပြုစုခြင်း၊ စာဖြေဌာနများ စီစဉ်ခြင်းများကို မြို့နယ်ပညာရေးမှူးရုံးများက စီစဉ်မည် ဖြစ်သည်။

မေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ခရိုင်ပညာရေးမှူးရုံးများက တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်သည်။

န၀မတန်း အဆင့်ကျောင်းတွင် စစ် (ပြင်ပဖြေ) စာမေးပွဲကို ၁၉၉၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ပြီး နှစ်စဉ်မေလတွင် ကျင်းပပေးနေသည်။

source: democracy

News Read 2219 times