ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ နေပြည်တော်တွင် ဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (EMBA) နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (EMPA) သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း ကြေညာချက်ဖြစ်ပါသည်။
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ နေပြည်တော်တွင် ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
**စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Business Administration-EMBA)
**ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Public Administration-EMPA)
၂။ အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
**အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
**အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိလုပ်သက် (၈) နှစ်ရှိ၍ အသက် (၃၀) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
**ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှုအဆင့်)လုပ်သက် (၈) နှစ်ရှိ၍ အသက် (၃၀) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
**တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
**သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရပါမည်။
၃။ သင်တန်းတက်ရောက်လိုသူများသည် သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ရေဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံပါမည်။
၎။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို အထက (၇) နေပြည်တော် တွင်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အောက်ဖော်ပြပါဌာနများတွင် (၁၂-၈-၂၀၁၉) ရက် (တနင်္လာနေ့) မှ စတင်ရယူပြီး (၁၃-၈-၂၀၁၉) ရက် (သောကြာနေ့) နောက်ဆုံးထား၍ အဆိုပါဌာနများတွင် ပြန်လည်တင်သွင်းလျှောက်ထားနိုင်ပါသည်။
**EMBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်)၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
**EMPA သင်တန်းအတွက် အသုံးချသောဘောဂဗေဒ (အခန်း ၁၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်း၊
**အထက (၇) နေပြည်တော်
၅။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ (၂၂) ရက်တွင် အထက (၇) နေပြည်တော်တွင် ကျင်းပပါမည်။
Read More>>>> အဝေးသင်တက္ကသိုလ်မေဂျာအသီးသီး ဘွဲဖောင်များတင်နိုင်
၆။ သင်တန်းများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် တက်ရောက်ရပါမည်။
၇။ သင်တန်းများနျှင့်ပတ်သက်၍ ပါမောက္ခချုပ်ရုံး (၀၁-၅၃၆၇၆၁)၊ (EMBA ၀၁-၆၆၄၆၈၄၊ ၀၉-၉၇၅၄၉၅၀၂၅) (EMPA ၀၁-၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆)၊ ဦးခင်မောင်သိန်း (လက်ထောက်မော်ကွန်းထိန်း) (၀၁-၅၂၆၆၁၃) တို့တွင် အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်။
(ဌာနမှူး၊ သင်တန်းရေးရာ)
(ရန်ကုန်စီးပွားရေးတက္ကသိုလ်)
Source: ကြေးမုံ