Sales Hotline : 09448001653       Download App



ဒုတိယအကြိမ် ဖြေဆိုခွင့်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းနှင့် စာစစ်ဌာနများ

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဖြေဆိုခွင့်မရလိုက်ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ထပ်မံကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ 

 

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျင်းပဆောင်ရွက်မည့် ဘာသာရပ်နှင့် အချိန်စာရင်းများကို အောက်တွင်ကြည့်ရှုနိုင်သည်။ 

 

စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ

 

ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကို အထက်ဖော်ပြပါ စာစစ်ဌာနများအနက် မိမိဖြေဆိုလိုသည့် သက်ဆိုင်ရာ စာစစ်ဌာနများသို့ ဧပြီလ (၁၂) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ သတင်းပို့စာရင်းသွင်းရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ 

 

Latest Post Local News Read 477 times