တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို နယ်မြို့များတွင် Mobile Team များဖြင့်သွားရောက်ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို နယ်မြို့များတွင် Mobile Team များဖြင့်သွားရောက်ထုတ်ပေးမည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို နယ်မြို့နယ်များတွင် Mobile Team များဖြင့် သွားရောက်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားမှူးချုပ် ဦးမျိုးညွန့်မှ သိရပါသည်။

 

အဆိုပါ အောင်စာရင်းများကို ဇွန် (၈) ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ရာ နယ်မြို့နယ်များတွင် အမှတ်စာရင်းထုတ်ယူရာတွင် အဆင်ပြေမှုရှိစေရန် Mobile Team များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

ယခုနှစ်တွင် မြို့အရေအတွက် တိုးချဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာနိုင်ငံစာစစ်ဦးစီဌာန (ရန်ကုန်ရုံးခွဲ) လှိုင်တက္ကသိုလ်နယ်မြေ ပါရမီ လမ်းတွင်ထုတ်ယူနိုင်ပြီးမြန်မာနိုင်ငံစာစစ်ဌာန (Website) http://www.myanmarexam.org/  တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

 

“ အမှတ်စာရင်းတွေကို မနှစ်ကတော့ Mobile Team နဲ့ ဆောင်ရွက်ပေးရာမှာ မြို့အတော်များများကို ရောက်ပါတယ်။ ဒီနှစ်မှာလည်း မြို့နယ်တွေတိုးချဲ့ ပေးဖို့စီစဉ်ထားပြီးသားပါ။ အဓိက ကတော့ကျောင်းသား/သူတွေ အမှတ်စာရင်းထုတ်ယူရာမှာ လွယ်ကူလျင်မြန်စေဖို့ စီစဉ်ဆောင်ရွက်ပေးတာပါ။ ရန်ကုန်ကိုလာထုတ်ရတဲ့အခါ တချို့ဒေသတွေမှာ အခက်အခဲတွေရှိပါတယ်။ မနှစ်ကလည်း ဒီလိုအခက်အခဲတွေရှိလို့ Mobile Team အပြင် တခြားအစီအစဉ်တွေနဲ့ အဆင်ပြေစွာ ထုတ်ယူနိုင်ဖို့စီစဉ်ပေးခဲ့ပါတယ်" ဟုဦးမျိုးညွှန့် ကပြောပါသည်။

 

Read More: " ပညာနှင့် ခေါင်းဆောင် "

 

ယခုနှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာတင်သွင်းသူ ဦးရေ (၉၀၀၀၀၀) နီးပါးရှိခဲ့ပြီး အမှန်တကယ် လာရောက်ဖြေဆိုသူဦးရေ (၈၅၀၀၀၀) ကျော်သာရှိခဲ့ကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း လမ်းမတော်မြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်း စမ်းချောင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရန်ကင်းမြို့နယ် တို့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရပါသည်။

 

Source: မြဝတီ

 

News Read 4186 times