ရန်ကုန်တက္ကသိုလ်တွင် Environmental Studies ဘွဲ့လွန်သင်တန်းအသစ် ဖွင့်လှစ်သွားမည်

ရန်ကုန်တက္ကသိုလ်တွင် Environmental Studies ဘွဲ့လွန်သင်တန်းအသစ် ဖွင့်လှစ်သွားမည်

ထိုသင်တန်းတွင် လူဦးရေ အကန့်အသတ်ဖြင့် လူဦးရေ ၃၀ ခန့် သတ်မှတ်ထားပြီး တက်ရောက်မည့်သူများပါက ၀င်ခွင့်စနစ်ဖြင့် ဖြေဆိုပြီး တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

Environmental Studies ဘွဲ့လွန်သင်တန်းသစ်ကို ပထမနှစ်ဝက်တွင် ဒီဇင်ဘာလမှ မတ်လအထိ၊ ဒုတိယနှစ်ဝက်တွင် ဇွန်လမှ စက်တင်ဘာလထိ သတ်မှတ်ထားပြီး သင်တန်းကာလမှာ တစ်နှစ်တိတိ တက်ရောက်ရမည်ဖြစ်ပြီး မဟာဘွဲ့ထိလည်း တက်ရောက်နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဒီဘွဲ့လွန်သင်တန်းက အသက်အရွယ်ကန့်သတ်ထားတာမျိုး မရှိဘူး၊ ရုံးသမားတွေ၊ အလုပ်လုပ်နေတဲ့သူများ၊ အဆင်ပြေအောင် သင်တန်းချိန်ကို နံနက် ၇ နာရီကနေ ၉ နာရီထိ သတ်မှတ်ပေးထားပြီး တနင်္လာကနေ သောကြာနေ့ထိ တက်ရောက်ရမှာ ဖြစ်ပါသည်။

ထို့အပြင် ရန်ကုန်တက္ကသိုလ်၌ Laws, International Relations, Political Science, Computer Science, Myanmar History and Culture, Creative Writing and Editing, Applied Physics စသော သင်တန်းများကိုလည်း နှစ်စဉ်ပုံမှန်ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထိုသင်တန်းများတွင် မည့်သည့်ဘွဲ့ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မိမိတို့ စိတ်ဝင်စားရာကို ရွေးချယ်ပြီး တက်ရောက်နိုင်ရန် ဖွင့်လှစ်ပေးထားသော သင်တန်းမျိုးဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 17801 times