သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(University of Information Technology-UIT) သို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် စာအိတ်ထဲတွင် ပါသော လျှောက်လွှာဖြင့်သာ လျှောက်ထားရမည် ဖြစ်ပါသည်။
မိမိ အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည့် ကျောင်းတွင် ထုတ်ပေးသည့် တက္ကသိုလ် ၀င်ခွင့် စာအိတ်ပေါ်တွင် သီးခြား လျှောက်ထားရမည့် တက္ကသိုလ် (၁၄) ခု အမည်များ ဖော်ပြသည်က တစ်ဖက်၊ အဆင့်မြင့် ပညာဦးစီးဌာနမှ ၀င်ခွင့်ကို စီစစ်ရွေးချယ်ပေးမည်ဖြစ်သော တက္ကသိုလ်အမည်များက ဖော်ပြသည်က တစ်ဖက် အသီးသီး ပါရှိသည်။
၎င်းစာအိတ်အတွင်း ပါရှိသော သင်တန်းဝင်ခွင့် ရွေးချယ်သည့် ကတ်ပြားပေါ်တွင် မိမိတို့ လျှောက်ထားလိုသော တက္ကသိုလ်များကို ဦးစားပေး အစီအစဉ်များအတိုင်း ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည် ဖြစ်သည်။
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(University of Information Technology-UIT) သို့ ပထမ ဦးစားပေး လျှောက်ထားလိုပါက ၎င်း တက္ကသိုလ်ဝင်ခွင့်စာအိတ်ပေါ်တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဟု ဖော်ပြထားသည့်နေရာ၌ အမှန်ခြစ်၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါရမီလမ်း တက္ကသိုလ်များ လှိုင်နယ်မြေ ၁၂ ရပ်ကွက် လှိုင်မြို့နယ် ရန်ကုန်မြို့သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ လျှောက်ထားရမည် ဖြစ်သည်။
**အရည်အချင်း သတ်မှတ်ချက်များ**
- ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်ရမည်။
- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသူ ဖြစ်ရမည်။
- စုစုပေါင်း ရမှတ် ၄၅၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်ပါသည်။
- တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာရပ် တစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ခဲ့သူ ဖြစ်ရမည်။
- ကျောင်းသားကျောင်းသူ ဦးရေ ၂၀၀ ဦး လက်ခံမည်။
- သင်တန်းကာလ ၅ နှစ် ဖြစ်သည်။
**အထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကို အောက်ပါ ကွန်ပျူတာဆိုင်ရာဘွဲ့များ ပေးအပ်ချီးမြှင့် သွားမည်။***
( ၁) ကွန်ပျူတာ သိပံ္ပဘွဲ့ (ပရိုဂရမ် အင်ဂျင်နီယာ) B.C.Sc.(Software Engineering)
(၂) ကွန်ပျူတာ သိပံ္ပဘွဲ့ (အသိပညာ အင်ဂျင်နီယာ) B.C.Sc. (Knowledge Engineering)
( ၃) ကွန်ပျူတာ သိပံ္ပဘွဲ့ (စီးပွားရေး သတင်းအချက်အလက်စနစ်) B.C.Sc. (Business Inforamtion Systems)
(၄) ကွန်ပျူတာ သိပံ္ပဘွဲ့ (စွမ်းရည်မြင့် တွက်ချက်မှုပညာ) B.C.Sc. (High Performance Computing)
(၅) ကွန်ပျူတာ နည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်) B.C.Tech. (Embedded Systems)
(၆) ကွန်ပျူတာ နည်းပညာဘွဲ့(ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ) B.C.Tech. (Communication and Networking)
(၇) ကွန်ပျူတာ နည်းပညာဘွဲ့ (ကွန်ပျူတာ စနစ်ပညာ) B.C.Tech. (Computer Systems)
(မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်များအားရှာဖွေလိုပါက ဒီ Link ကိုနှိပ်ပါ)