ဝင်ခွင့်နှုတ်ဖြေ ဖြေဆိုထားသူများသာ ခွင့်ပြုမည်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်

**Zawgyi**

အျခားတကၠသုိလ္မွ ရန္ကုန္တကၠသုိလ္သုိ႔ ေျပာင္းတက္လိုပါက ရန္ကုန္တကၠသုိလ္ဝင္ခြင့္ႏႈတ္ေျဖ ေျဖထားသူမ်ားသာ ေျပင္းတက္ခြင့္ျပဳမည္ဟု ရန္ကုန္တကၠသုိလ္ပါေမာကၡခ်ဳပ္ ေဒါက္တာဖိုးေကာင္းက ေျပာပါတယ္။

တကၠသုိလ္ဝင္ခြင့္မ်ား ခ်ထားေပးအၿပီးတြင္ တကၠသုိလ္တစ္ခုမွ အျခားတစ္ခုသို႔ ေျပာင္းေရႊ႕တက္ေရာက္လိုပါက မိမိေျပာင္းေရႊ႕လိုေသာ တကၠသုိလ္၏ အနိမ့္ဆံုးဝင္ခြင့္ျပဳသည့္အမွတ္ႏွင့္ ဝင္ခြင့္သတ္မွတ္ခ်က္ ျပည့္မီရမည္ျဖစ္ၿပီး ေျပာင္းေရႊ႕လိုေသာ တကၠသိုလ္က လက္ခံမွသာ ေျပာင္းတက္ခြင့္ရမည္ဟု အဆင့္ျမင့္ပညာဦးစီးဌာနက ေၾကညာထားပါတယ္။

ယခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္က ဝင္ခြင့္ကို လူေတြ႕ႏႈတ္ေျဖစစ္ေဆးခဲ့ရာ ရန္ကုန္တကၠသုိလ္သို႔ ေျပာင္းတက္လိုသူမ်ား ႏႈတ္ေျဖ ေျဖဆိုထားမွသာ ေျပာင္းတက္ခြင့္ရမည္ျဖစ္ပါတယ္။

" ရန္ကုန္တကၠသုိလ္ထက္ အမွတ္ျမင့္တဲ့ တကၠသုိလ္ေတြကေန ရန္ကုန္တကၠသုိလ္ကို ေျပာင္းတက္ခ်င္တယ္ဆိုရင္ေတာင္ ေျပာင္းေရႊ႕ခြင့္မရွိပါဘူး။ ရန္ကုန္တကၠသုိလ္တစ္ခုတည္းကသာ လူေတြ႕စစ္ေဆးထားတဲ့အတြက္ တျခားတကၠသိုလ္ေတြက ေျပာင္းလာမယ္ဆုိရင္ ခြင့္မျပဳပါဘူး။ လူေတြ႕ေျဖဆိုထားရင္ေတာ့ဝင္ခြင့္ျပဳပါမယ္"ဟု ရန္ကုန္တကၠသိုလ္ဝင္ခြင့္ႏွင့္ ပတ္သက္၍ ရွင္းလင္းစဥ္ ေဒါက္တာဖိုးေကာင္းက ေျပာၾကားပါတယ္။

ယခုႏွစ္တြင္ ရန္ကုန္တကၠသုိလ္ဝင္ခြင့္ ေလ်ွာက္ထားလိုသူမ်ားသည္ ရန္ကုန္တကၠသုိလ္သို႔ ဝင္ခြင့္ေလ်ွာက္လႊာစာအိတ္တိုက္ရိုက္ေပးပို႔ ေလ်ွာက္ထားရၿပီး ဘာသာရပ္အလိုက္ သတ္မွတ္ထားသည့္ တကၠသုိလ္ဝင္စာေမးပြဲရမွတ္ႏွင့္ ကိုက္ညီပါက ဦးစားေပးဘာသာရပ္ (၃) ခုအထိ ေလ်ွာက္ထားခြင့္ျပဳခဲ့ပါတယ္။

ေလ်ွာက္ထားသူမ်ားကို လူေတြ႕စစ္ေဆးၿပီး တကၠသုိလ္ဝင္စာေမးပြဲရမွတ္ႏွင့္ လူေတြ႕စစ္ေဆးမႈရလဒ္ေပၚမူတည္ကာ ဝင္ခြင့္ေရြးခ်ယ္ခဲ့ပါတယ္။

ယခုႏွစ္ ရန္ကုန္တကၠသုိလ္ ပထမႏွစ္ သင္တန္းမ်ားသို႔ ေက်ာင္းသား/သူ (၁၁၆၉) ဦးဝင္ခြင့္ရၿပီး ဝင္ခြင့္ရသူမ်ားသည္ ႏိုဝင္ဘာ (၁၈) ရက္မွ (၂၉) ရက္အထိ ရန္ကုန္တကၠသုိလ္တြင္ ေက်ာင္းအပ္ႏွံရမည္ျဖစ္ပါတယ္။

ေက်ာင္းေျပာင္းေရႊ႕ျခင္း၊ ေက်ာင္းဝင္မွတ္ပံုတင္ျခင္းကို ႏိုဝင္ဘာ (၂၉) ရက္အၿပီး ေဆာင္ရြက္ရမည္ဟု ရန္ကုန္တကၠသုိလ္က ေၾကညာထားပါတယ္။

ရန္ကုန္တကၠသုိလ္တြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဘြဲ႔ႀကိဳအထူးျပဳဘာသာရပ္ (၂၆) ခုဖြင့္လွစ္မည္ျဖစ္ၿပီး ဒီဇင္ဘာ (၂) ရက္တြင္ ဖြင့္မည္ျဖစ္ပါတယ္။

ရန္ကုန္တကၠသုိလ္တြင္ ၂၀၁၃ ေနာက္ပိုင္းကစတင္၍ ဝိဇၨာ၊ သိပၸံ ထူးခ်ြန္သည့္ ဘြဲ႔ႀကိဳတန္းေက်ာင္းသားမ်ားအား ျပန္လည္သင္ၾကားေပးေနပါတယ္။

Read More:>>>  AGTI ေက်ာင္းဝင္ခြင့္ရေသာ ေက်ာင္းသား/သူမ်ား ေက်ာင္းအပ္လ်ွင္ လိုအပ္ခ်က္မ်ား

သတ္မွတ္ရမွတ္ေက်ာ္လြန္ၿပီး ဝင္ခြင့္ရသူမ်ားကို တစ္လလ်ွင္ တစ္သိန္းႏႈန္းျဖင့္ တစ္ႏွစ္လ်ွင္ (၁၀) လ ဝိဇၨာခ်ြန္္ဆုႏွင့္ သိပၸံခ်ြန္ဆုမ်ား ခ်ီးျမွင့္ပါတယ္။

Credit: 7Day News

**Unicode**

အခြားတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းတက်လိုပါက ရန်ကုန်တက္ကသိုလ်ဝင်ခွင့်နှုတ်ဖြေ ဖြေထားသူများသာ ပြေင်းတက်ခွင့်ပြုမည်ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်များ ချထားပေးအပြီးတွင် တက္ကသိုလ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့တက်ရောက်လိုပါက မိမိပြောင်းရွှေ့လိုသော တက္ကသိုလ်၏ အနိမ့်ဆုံးဝင်ခွင့်ပြုသည့်အမှတ်နှင့် ဝင်ခွင့်သတ်မှတ်ချက် ပြည့်မီရမည်ဖြစ်ပြီး ပြောင်းရွှေ့လိုသော တက္ကသိုလ်က လက်ခံမှသာ ပြောင်းတက်ခွင့်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဝင်ခွင့်ကို လူတွေ့နှုတ်ဖြေစစ်ဆေးခဲ့ရာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းတက်လိုသူများ နှုတ်ဖြေ ဖြေဆိုထားမှသာ ပြောင်းတက်ခွင့်ရမည်ဖြစ်ပါတယ်။

" ရန်ကုန်တက္ကသိုလ်ထက် အမှတ်မြင့်တဲ့ တက္ကသိုလ်တွေကနေ ရန်ကုန်တက္ကသိုလ်ကို ပြောင်းတက်ချင်တယ်ဆိုရင်တောင် ပြောင်းရွှေ့ခွင့်မရှိပါဘူး။ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကသာ လူတွေ့စစ်ဆေးထားတဲ့အတွက် တခြားတက္ကသိုလ်တွေက ပြောင်းလာမယ်ဆိုရင် ခွင့်မပြုပါဘူး။ လူတွေ့ဖြေဆိုထားရင်တော့ဝင်ခွင့်ပြုပါမယ်"ဟု ရန်ကုန်တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်၍ ရှင်းလင်းစဉ် ဒေါက်တာဖိုးကောင်းက ပြောကြားပါတယ်။

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်လွှာစာအိတ်တိုက်ရိုက်ပေးပို့ လျှောက်ထားရပြီး ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် ကိုက်ညီပါက ဦးစားပေးဘာသာရပ် (၃) ခုအထိ လျှောက်ထားခွင့်ပြုခဲ့ပါတယ်။

လျှောက်ထားသူများကို လူတွေ့စစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် လူတွေ့စစ်ဆေးမှုရလဒ်ပေါ်မူတည်ကာ ဝင်ခွင့်ရွေးချယ်ခဲ့ပါတယ်။

ယခုနှစ် ရန်ကုန်တက္ကသိုလ် ပထမနှစ် သင်တန်းများသို့ ကျောင်းသား/သူ (၁၁၆၉) ဦးဝင်ခွင့်ရပြီး ဝင်ခွင့်ရသူများသည် နိုဝင်ဘာ (၁၈) ရက်မှ (၂၉) ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအပ်နှံရမည်ဖြစ်ပါတယ်။

ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ (၂၉) ရက်အပြီး ဆောင်ရွက်ရမည်ဟု ရန်ကုန်တက္ကသိုလ်က ကြေညာထားပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့ကြိုအထူးပြုဘာသာရပ် (၂၆) ခုဖွင့်လှစ်မည်ဖြစ်ပြီး ဒီဇင်ဘာ (၂) ရက်တွင် ဖွင့်မည်ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းကစတင်၍ ဝိဇ္ဇာ၊ သိပ္ပံ ထူးချွန်သည့် ဘွဲ့ကြိုတန်းကျောင်းသားများအား ပြန်လည်သင်ကြားပေးနေပါတယ်။

Read More:>>>  AGTI ေက်ာင္းဝင္ခြင့္ရေသာ ေက်ာင္းသား/သူမ်ား ေက်ာင္းအပ္လ်ွင္ လိုအပ္ခ်က္မ်ား

သတ်မှတ်ရမှတ်ကျော်လွန်ပြီး ဝင်ခွင့်ရသူများကို တစ်လလျှင် တစ်သိန်းနှုန်းဖြင့် တစ်နှစ်လျှင် (၁၀) လ ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများ ချီးမြှင့်ပါတယ်။

Credit: 7Day News
 

News Tips Latest Post Read 1720 times