အဆင့်မြင့် မီဒီယာကွန်ပျူတာသင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

အဆင့်မြင့် မီဒီယာကွန်ပျူတာသင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

ဒီသင်တန်းကို Thit San Media School နဲ့ Myanmar Media Arts တို့ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး Semester ၃ ခု တက်ရောက်ရမှာ ဖြစ်ပါတယ်။

Semester 1 မှာ ဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှု ကျွမ်းကျင်သင်တန်း၊ Semester 2 မှာ ရုပ်သံတည်းဖြတ်မှုနဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက်ကျွမ်းကျင်သင်တန်း၊ Semester 3 မှာ ဇာတ်ကောင် လှုပ်ရှားမှုနဲ့ Movies ထုတ်လုပ်မှု ကျွမ်းကျင်သင်တန်းတွေကို ၃ လစီ သင်ကြားရမှာဖြစ်ပါတယ်။

READ - လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ၀င်ခွင့်ရေးဖြေစာမေးပွဲ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပမည်

လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ ဖြစ်ရပါမယ်။

တန်းခွဲတစ်ခုကို သင်တန်းသား ၁၂ ဦးသာလက်ခံမှာဖြစ်ကာ ကွန်ပျူတာအခြေခံ မရှိသောသူများကို လည်း အခြေခံမှစတင်ကာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလ ၉ လ ပြီးဆုံးပါက Dip.MMA ကိုရရှိမှာဖြစ်ပြီး တန်းခွဲတိုင်းကို စာတွေ့လက်တွေ့ နှစ်ကြိမ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း-၀၁-၅၁၁၆၆၈၊ ၀၉ ၅၁၄၂၅၃၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet

News Read 3355 times