၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဘွဲ့လွန်အင်္ဂလိပ်စာ သင်ကြားရေးဒီပလိုမာ (၁) နှစ်သင်တန်းတက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။
(ခ) အနိမ့်ဆုံးပညာအရည်အချင်းမှာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိသူဖြစ်ရပါမည်။
၂။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် (၁၇-၅-၂၀၁၉) ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါသည်။.
၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို (၂၂-၅-၂၀၁၉) ရက်တွင် မန္တလေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
(အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးပါမည်)
၎။ ဘွဲ့လွန်အင်္ဂလိပ်စာ သင်ကြားရေးဒီပလိုမာ (Dip.E.L.T) သင်တန်းတက်ရောက်လိုသူများသည် အစိုးရလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင်
လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ပါသည်။
၅။ အသေးစိတ်အချက်အလက်များကို မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာန(ဖုန်းနံပါတ် ၀၉-၄၀၀၀၀၉၅၃၆၊ ၀၂-၂၈၃၂၁၂၉) တွင် စုံစမ်းနိုင်ပါသည်။
(ဌာနမှူး-သင်တန်းရေးရာ၊ မန္တလေးတက္ကသိုလ်)
Source: Educational Information by Ye Lwin Hein