“Engineering The Future” ခေါင်းစဉ်ဖြင့် အင်ဂျင်နီယာပညာရပ်အကြောင်း ဟောပြောပွဲနှင့် PSB Academy ရဲ့ပညာရေးဆွေးနွေးပွဲ ကျင်းပမယ်လို့ သိရပါသည်။
အဆိုပါဆွေးနွေးပွဲကို သြဂုတ် (၃) ရက်၊ နေ့လယ် (၂) နာရီမှ ညနေ (၄) နာရီ အထိ အင်းလေးခန်းမ, (၄)လွာ၊ Novotel Hotel ပြည်လမ်းမှာ ကျင်းပမှာဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို လက်တွေ့ပြုလုပ်မှုတွေနဲ့ အတူ Psb Academy ရဲ့ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆရာဖြစ်သူ Dr. Koh Yit Yan မှ “ Engineering The Future” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးမည်ဖြစ်ပါသည်။
ဒါ့အပြင် PSB မှာတက်ရောက်နိုင်တဲ့ စီးပွားရေးနှင့်စီမံခန့်ခွဲရေး၊ စာရင်းအင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာနှင့် ဇီဝဆေးသိပ္ပံ ဘာသာရပ်များ အကြောင်းကို Country Manager ဖြစ်သူက အသေးစိတ်ဆက်လက် ဆွေးနွေးပေးမှာ ဖြစ်ပါသည်။
Read More>>>> တက္ကသိုလ်ဝင်ခွင့်မတင်သူများ လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်
ကျောင်းလျှောက်ထားလိုသူတွေ အနေနဲ့ ဆွေးနွေးပွဲနေ့မှာ မိမိတို့ရဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများကို တစ်ပါတည်းယူဆောင်လာကာ ဘာသာရပ် ကင်းလွတ်ခွင့်များနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ တို့ကို အသေးစိတ်မေးမြန်းနိုင်ပြီး ကျောင်းလျှောက်ထားပါက လေယာဉ်လက်မှတ် (One Way) ရရှိနိုင်မှာဖြစ်ပါသည်။
ပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေးဝန်ဆောင်မှုကုမ္ပဏီ) အဆောင် (၅)၊ အခန်း (၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း- ၀၁-၆၅၂၃၂၀၊ ၀၉- ၅၀၆၂၁၆၁၊ ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
Source: Internet Journal