လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာသင်တန်း ရှစ်ခုဖြစ်သော
1. အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာသင်တန်း၊
2. အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း၊
3. အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း၊
4. ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊
5. ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း၊
6. စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်း၊
7. မနုဿဗေဒ ဒီပလိုမာသင်တန်း၊
8. လူမှုရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည် ဖြစ်ပါသည်။
ဌာနအလိုက်ဖွင့်မယ့်သင်တန်းတွေကို စုပြီး တစ်ခါတည်းကြေညာလိုက်တာ။ ဌာနတစ်ခုချင်းစီကလည်း ဖွင့်မယ့် သင်တန်းများကို ကြေညာပြီးသားတွေတော့ ရှိပါတယ်။
သင်တန်းကြေးနှုန်းထားတွေကတော့ မတူဘူး၊ တစ်ချို့သင်တန်းတွေကျတော့ ကျပ်ရှစ်ထောင်၊ ကျပ်တစ်သောင်းလောက်ပဲရှိတယ်။
အရှေ့တိုင်းဆိုရင် သင်တန်းကာလ ကိုးလလောက် တတ်ရတယ်။ ပြီးရင် ဒီပလိုမာပေးတယ်။
အသေးစိတ် သိချင်တယ်ဆိုရင်တော့ မိမိတက်မယ့်ဘာသာရပ်ရဲ့ဌာနမှာ စုံစမ်းနိုင်ပါတယ်။
ထိုသင်တန်းများကို တက်ရောက်လိုပါက ဘွဲ့တစ်ခုခုရရှိပြီး အစိုးရ၀န်ထမ်းများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဖြစ်ပါက သက်ဆိုင်ရာ ဌာန အကြီးအကဲ၏ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာကို တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာများကို ရန်ကုန်တက္ကသိုလ်ကျောင်းသား ရေးရာဌာနနှင့် ကျောင်းဆောင်များဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်း ကြေညာထားပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today