ပညာရေးဝန်ကြီးဌာနအစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် သီးခြားပညာရေး ရုပ်မြင်သံကြားလိုင်း တစ်လိုင်းရရှိရန် လွှတ်တော်သို့ တင်ပြလျှောက်ထားခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်း သီးခြားထုတ်လွှင့်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊
Spanish (5) စပိန် ဘာသာ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်း သီးခြားထုတ်လွှင့်နိုင်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နယ်စပ်ဒေသရှိ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူမကျန် ပညာရေးနှင့်ပတ်သက်သည့် မှန်ကန်သော သင်ကြားသင်ယူမှုစွမ်းရည်များနှင့် သတင်းအချက်အလက်များ သိရှိနိုင်မည် ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ပညာရေး၊ ပညာပေးအစီအစဉ်များ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုများ ပိုမိုသိရှိနိုင်ရန် အစိုးရ၏ပညာရေး ရုပ်မြင်သံကြားလိုင်း တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
Stories Writing (4) ဇာတ်လမ်းရေးသားခြင်းသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးကို မတက်ရောက်နိုင်သေးသော ကလေးများ၊ ကျောင်းပညာရေး တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ရသည့် ကလေးများ၊ လူငယ်လူကြီးများ၏ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယင်းအပြင် ပညာရေး၊ ပညာပေးအစီအစဉ်များအား ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသခြင်း၊ ရေဒီယိုမှ သင်ခန်းစာများ ထုတ်လွှင့်ပေးခြင်း၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အစိုးရ၏ပညာရေး ရုပ်မြင်သံကြားလိုင်းတွင် အခြေခံ၊ အဆင့်မြင့်၊ သက်မွေးပညာရေး စသည့် ကျောင်းတွင်းပညာရေးအစီအစဉ်များ၊ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေး၊ ဝင်ငွေတိုးပွားရေး စသည့်ပညာရေးအစီအစဉ်များ၊ မှတ်တမ်းတို၊ ဇာတ်လမ်းတို စသည့် ပညာပေးအစီအစဉ်များ၊ ပညာရေးမြှင့်တင်ရေး တေးသီချင်းများ၊ ပညာရေးလှုပ်ရှားမှုများနှင့် သတင်းများ၊ ပညာရေးစကားဝိုင်းများ၊ ပညာရေးသိကောင်းစရာများ၊ ယဉ်ကျေးလိမ္မာအစီအစဉ်များနှင့် အင်္ဂလိပ်ဘာသာစကား အစီအစဉ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ အပတ်စဉ် ကျောင်းချိန်အတွင်း ထုတ်လွှင့်နိုင်ရန် လျာထားပါကြောင်း၊
ယခုလို အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်းတစ်လိုင်း သီးခြားထုတ်လွှင့်နိုင်ခြင်းဖြင့် မိဘပြည်သူ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံး ငွေကုန်သက်သာပြီး သင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
အရည်အသွေးပြည့်ဝသည့် ဆရာရှားပါးသည့်ဒေသများ၊ သင်ထောက်ကူပစ္စည်း လုံလောက်စွာ မရှိသေးသည့် ဝေးလံခေါင်းပါးသော ဒေသများထံ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်မည့်အပြင် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးလှုပ်ရှားမှု၊ ပညာရေးပညာပေးအစီအစဉ်များ၊ အသိပညာပေးအစီအစဉ်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်တော့မည် ဖြစ်သဖြင့် အလွန်ထိရောက်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊
အစိုးရ၏ ပညာရေးရုပ်သံလိုင်းတစ်လိုင်း ထုတ်လွှင့်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
Read More:>>>> WEB DESIGN & DEVELOPMENT ပညာဒါနသင်တန်း
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း ထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(Ministry of Education)