**Unicode**
ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁၉/၂၀၁၉) အစီအစဉ်၏ သဘောတူညီချက်အရ (၂၀၁၉) ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်အသီးသီးရှိ အဝေးသင်သင်တန်းများသို့တက်ရောက်ကြမည့် အမြဲတမ်းပညာရေးဝန်ထမ်း (၁၈,၇၀၁) ဦးအား သင်တန်းတက်ရောက်မည့် (အနီးကပ် + စာမေးပွဲရက်) နှင့် ခရီးသွားရက်ကို ဒေသအခြေအနေနှင့် သက်ဆိုင်ရာအခြေစိုက်ရုံးမှ တက္ကသိုလ်အကွာအဝေးအရ တာဝန်ချိန်သတ်မှတ်၍ လစာနှုန်းပြည့်ဖြင့် တက်ရောက်ခွင့်ပြုရန်တင်ပြခြင်းအား စာမေးပွဲနောက်ဆုံးရက်နှင့် ခရီးသွားကာလအပါအဝင် (၄၅) ရက်ကို On Duty အဖြစ်သတ်မှတ်ပေးလိုက်ကြောင်းသိရသည်။
Read more: တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားရန် (၁) ပတ်သာလိုတော့သည်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနတက္ကသိုလ်အသီးသီးရှိ အဝေးသင်သင်တန်းများသို့တက်ရောက်ကြမည့် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ပညာရေးဝန်ထမ်းများသည် မိမိတို့တက်ရောက်မည့်အသုတ်အလိုက် မြို့နယ်ပညာရေးမှူးရုံးများတွင် သတင်းပေးပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့်လည်း သွားရောက်ကြမည့်ပညာရေးဝန်ထမ်းများကို အသုတ်အလိုက်မှတ်တမ်းထားရှိပြီး အခြေခံပညာဦးစီးဌာသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်းသိရသည်။
Read more: လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေတဲ့ လူငယ်တွေ ဘယ်လိုနေရာတွေကနေ ပညာသင်ယူနိုင်မလဲ
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ထမ်းများကို အဝေးသင်သင်တန်းများ တက်ရောက်ရာတွင် တာဝန်ချိန်အဖြစ်သတ်မှတ်ပေးနေသလို၊ ဆရာအတတ်ပညာသင်တန်းများတက်ရောက်ရာတွင်လည်း တာဝန်ချိန်အဖြစ် သတ်မှတ်ပေးမှုများလည်းရှိသည်။
Source: Democracy, Exam Guide
**Zawgyi**
ပညာေရးဝန္ၾကီးဌာန၏ စီမံခန္႔ခဲြေရးေကာ္မတီအစည္းအေဝး (၁၉/၂၀၁၉) အစီအစဥ္၏ သေဘာတူညီခ်က္အရ (၂၀၁၉) ခုႏွစ္ ပညာသင္ႏွစ္အတြက္ တကၠသိုလ္အသီးသီးရွိ အေဝးသင္သင္တန္းမ်ားသို႔တက္ေရာက္ၾကမည့္ အျမဲတမ္းပညာေရးဝန္ထမ္း (၁၈,၇၀၁) ဦးအား သင္တန္းတက္ေရာက္မည့္ (အနီးကပ္ + စာေမးပဲြရက္) ႏွင့္ ခရီးသြားရက္ကို ေဒသအေျခအေနႏွင့္ သက္ဆိုင္ရာအေျခစိုက္ရံုးမွ တကၠသိုလ္အကြာအေဝးအရ တာဝန္ခ်ိန္သတ္မွတ္၍ လစာႏႈန္းျပည့္ျဖင့္ တက္ေရာက္ခြင့္ျပဳရန္တင္ျပျခင္းအား စာေမးပဲြေနာက္ဆံုးရက္ႏွင့္ ခရီးသြားကာလအပါအဝင္ (၄၅) ရက္ကို On Duty အျဖစ္သတ္မွတ္ေပးလုိက္ေၾကာင္းသိရသည္။
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ အဆင့္ျမင့္ပညာဦးစီးဌာနတကၠသိုလ္အသီးသီးရွိ အေဝးသင္သင္တန္းမ်ားသို႔တက္ေရာက္ၾကမည့္ အေျခခံပညာဦးစီးဌာနလက္ေအာက္ရွိ ပညာေရးဝန္ထမ္းမ်ားသည္ မိမိတို႔တက္ေရာက္မည့္အသုတ္အလုိက္ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားတြင္ သတင္းေပးပို႔ရမည္ျဖစ္ၿပီး သက္ဆိုင္ရာခရိုင္ပညာေရးမွဴးရံုး၊ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားအေနျဖင့္လည္း သြားေရာက္ၾကမည့္ပညာေရးဝန္ထမ္းမ်ားကို အသုတ္အလိုက္မွတ္တမ္းထားရွိၿပီး အေျခခံပညာဦးစီးဌာသို႔ ျပန္လည္တင္ျပရမည္ျဖစ္ေၾကာင္းသိရသည္။
ပညာေရးဝန္ၾကီးဌာနအေနျဖင့္ ပညာေရးဝန္ထမ္းမ်ားကို အေဝးသင္သင္တန္းမ်ား တက္ေရာက္ရာတြင္ တာဝန္ခ်ိန္အျဖစ္သတ္မွတ္ေပးေနသလို၊ ဆရာအတတ္ပညာသင္တန္းမ်ားတက္ေရာက္ရာတြင္လည္း တာဝန္ခ်ိန္အျဖစ္ သတ္မွတ္ေပးမႈမ်ားလည္းရွိသည္။
Source: Democracy, Exam Guide