လုပ်သက်အနည်းဆုံး (၁) နှစ်ရှိသောပညာရေးဝန်ထမ်းများသာ B.A/B.Sc (Education) စာပေးစာယူတက်ခွင့်ပြုမည်

လုပ်သက်အနည်းဆုံး (၁) နှစ်ရှိသောပညာရေးဝန်ထမ်းများသာ B.A/B.Sc (Education) စာပေးစာယူတက်ခွင့်ပြုမည်

**Unicode**

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ (D.Ted) ရရှိပြီး ဘွဲ့မရသေးသူဖြစ်ရမည့်အပြင် အခြေခံပညာဦးစီးဌာနတွင် ပညာရေးဝန်ထမ်းလုပ်သက်အနည်းဆုံး (၁) နှစ်ရှိထားမှသာ B.A/B.Sc (Education) စာပေးစာယူသင်တန်းတက်ခွင့်ပြုရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက စက်တင်ဘာ (၂၀) ရက်တွင် ညွှန်ကြားထားသည်။ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များတွင် ပထမဆုံးဖွင့်လှစ်မည့် B.A/B.Sc (Education) စာပေးစာယူသင်တန်းအတွက် သင်တန်းသားရွေးချယ်ရေးမူဝါဒများကို အဆင့်မြင့်ပညာဦးစီးဌာနက သက်ဆိုင်ရာကျောင်းများသို့ ညွှန်ကြားခြင်းဖြစ်သည်။


ပညာရေးကောလိပ်များမှ D.TEd ရရှိပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့မရရှိသေးသူ၊ အခြေခံပညာဦးစီးဌာနတွင် ပညာရေးဝန်ထမ်းလုပ်သက် (၁) နှစ် အနည်းဆုံးရှိသူ၊ သတ်မှတ်ထားသော ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များတွင် Catchment Area (သတ်မှတ်ထားသောနယ်မြေ) အလိုက်တက်နိုင်သူများကိုသာ B.A/B.Sc (Education) စာပေးစာယူသင်တန်းတက်ခွင့်ပြုရမည်ဟု ရွေးချယ်ရေးမူဝါဒ (၃) ချက်ထုတ်ပြန်ထားသည်။ အဆိုပါစာပေးစာယူသင်တန်းအတွက် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဦးရေ (၂၅၀၀)၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပြည်၊ မုံရွာ၊ မကွေး၊ မိတ္ထီလာ၊ ပုသိမ်၊ ထားဝယ်၊ တောင်ကြီး၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်များတွင် ဝင်ဆံ့လူဦးရေအရ စုစုပေါင်း D.TEd သင်တန်းဆင်းဦးရေ (၁၆,၀၀၀) လက်ခံမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများကိုယ်စားပြုကော်မတီနှင့် တွေ့ဆုံစဉ်ပြောကြားသည်။


B.A/B.Sc (Education) စာပေးစာယူသင်တန်းတက်လိုသူဆရာ၊ ဆရာမများအနေဖြင့် သြဂုတ် (၂၁) ရက်နောက်ဆုံးထားကာ ပညာရေးကောလိပ်များတွင် ကိုယ်တိုင်လျှောက်ထားရန် အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာသည်။ သြဂုတ်လကုန်အထိ စာရင်းအရ အဆိုပါစာပေးစာယူသင်တန်းတက်လိုသူ D.TEd သင်တန်း အပတ်စဉ် (၁) မှ (၂၁) အထိ (၁၆,၉၆၃) ဦးရှိပြီး D.TEd (၂၂/၁၇) သင်တနးအပတ်စဉ်မှ ၆,၉၉၈ ဦး၊ D.TEd (၂၃/၁၈) သင်တန်းအပတ်စဉ်မှ (၇,၅၃၇) ဦးရှိသည်။

ပညာရေးကောလိပ် ဒီပလိုမာရရှိထားသူများကို အဝေးသင်တက္ကသိုလ်တတိယနှစ်က စတင်တက်ခွင့်ပြုရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူရာတွင် အကန့်အသတ်များဖြေလျှော့ပေးရေး အချက် (၂) ချက်ကို ၂၀၁၈ စက်တင်ဘာ (၁၁) ရက်မှ (၁၆) ရက်အထိ နိုင်ငံအနှံ့ရှိ ပညာရေးကောလိပ် (၇) ခုတွင် ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်းဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနကဖြည့်ဆည်းပေးရာတွင် B.A/B.Sc (Education) စာပေးစာယူသင်တန်းများဖွင့်မည့် အစီအစဉ်ပါဝင်သည်။


၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဇွန်လကစတင်ကာ ပညာရေးတက္ကသိုလ် (၂) ခုတွင် B.A/B.Sc (Education) စာပေးစာယူသင်တန်းများ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ပြီး ပညာရေးကောလိပ်များကိုလည်း လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးကာ B.A/B.Sc (Education) ဘွဲ့သင်တန်းအပြင် စာပေးစာယူသင်တန်းများထပ်မံဖွင့်မည်ဖြစ်သည်။

Source: 7Day News

**Zawgyi**

လုပ္ငန္းခြင္အၾကိဳ ဆရာအတတ္ပညာဒီပလိုမာ (D.Ted) ရရွိၿပီး ဘဲြ႔မရေသးသူျဖစ္ရမည့္အျပင္ အေျခခံပညာဦးစီးဌာနတြင္ ပညာေရးဝန္ထမ္းလုပ္သက္အနည္းဆံုး (၁) ႏွစ္ရွိထားမွသာ B.A/B.Sc (Education) စာေပးစာယူသင္တန္းတက္ခြင့္ျပဳရမည္ဟု အဆင့္ျမင့္ပညာဦးစီးဌာနက စက္တင္ဘာ (၂၀) ရက္တြင္ ညႊန္ၾကားထားသည္။ ပညာေရးတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္မ်ားတြင္ ပထမဆံုးဖြင့္လွစ္မည့္ B.A/B.Sc (Education) စာေပးစာယူသင္တန္းအတြက္ သင္တန္းသားေရြးခ်ယ္ေရးမူဝါဒမ်ားကို အဆင့္ျမင့္ပညာဦးစီးဌာနက သက္ဆိုင္ရာေက်ာင္းမ်ားသို႔ ညႊန္ၾကားျခင္းျဖစ္သည္။

 

ပညာေရးေကာလိပ္မ်ားမွ D.TEd ရရွိၿပီး တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္တစ္ခုခုမွ ဘဲြ႔မရရွိေသးသူ၊ အေျခခံပညာဦးစီးဌာနတြင္ ပညာေရးဝန္ထမ္းလုပ္သက္ (၁) ႏွစ္ အနည္းဆံုးရွိသူ၊ သတ္မွတ္ထားေသာ ပညာေရးတကၠသိုလ္မ်ားႏွင့္ ပညာေရးေကာလိပ္မ်ားတြင္ Catchment Area (သတ္မွတ္ထားေသာနယ္ေျမ) အလိုက္တက္ႏိုင္သူမ်ားကိုသာ B.A/B.Sc (Education) စာေပးစာယူသင္တန္းတက္ခြင့္ျပဳရမည္ဟု ေရြးခ်ယ္ေရးမူဝါဒ (၃) ခ်က္ထုတ္ျပန္ထားသည္။ အဆိုပါစာေပးစာယူသင္တန္းအတြက္ စစ္ကိုင္းပညာေရးတကၠသိုလ္ႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္တြင္ ဦးေရ (၂၅၀၀)၊ ေမာ္လၿမိဳင္၊ ျမစ္ၾကီးနား၊ ျပည္၊ မံုရြာ၊ မေကြး၊ မိတၳီလာ၊ ပုသိမ္၊ ထားဝယ္၊ ေတာင္ၾကီး၊ ေက်ာက္ျဖဴပညာေရးဒီဂရီေကာလိပ္မ်ားတြင္ ဝင္ဆံ့လူဦးေရအရ စုစုေပါင္း D.TEd သင္တန္းဆင္းဦးေရ (၁၆,၀၀၀) လက္ခံမည္ဟု အဆင့္ျမင့္ပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေမစန္းရီက ပညာေရးေကာလိပ္ေက်ာင္းသား သမဂၢမ်ားကိုယ္စားျပဳေကာ္မတီႏွင့္ ေတြ႔ဆံုစဥ္ေျပာၾကားသည္။

 

B.A/B.Sc (Education) စာေပးစာယူသင္တန္းတက္လိုသူဆရာ၊ ဆရာမမ်ားအေနျဖင့္ ၾသဂုတ္ (၂၁) ရက္ေနာက္ဆံုးထားကာ ပညာေရးေကာလိပ္မ်ားတြင္ ကိုယ္တိုင္ေလွ်ာက္ထားရန္ အဆင့္ျမင့္ပညာဦးစီးဌာနက ေၾကညာသည္။ ၾသဂုတ္လကုန္အထိ စာရင္းအရ အဆိုပါစာေပးစာယူသင္တန္းတက္လိုသူ D.TEd သင္တန္း အပတ္စဥ္ (၁) မွ (၂၁) အထိ (၁၆,၉၆၃) ဦးရွိၿပီး D.TEd (၂၂/၁၇) သင္တနးအပတ္စဥ္မွ ၆,၉၉၈ ဦး၊ D.TEd (၂၃/၁၈) သင္တန္းအပတ္စဥ္မွ (၇,၅၃၇) ဦးရွိသည္။

 

ပညာေရးေကာလိပ္ ဒီပလိုမာရရွိထားသူမ်ားကို အေဝးသင္တကၠသိုလ္တတိယႏွစ္က စတင္တက္ခြင့္ျပဳေရး၊ ဆရာအတတ္ပညာ ဆက္လက္သင္ယူရာတြင္ အကန္႔အသတ္မ်ားေျဖေလွ်ာ့ေပးေရး အခ်က္ (၂) ခ်က္ကို ၂၀၁၈ စက္တင္ဘာ (၁၁) ရက္မွ (၁၆) ရက္အထိ ႏိုင္ငံအႏွံ႔ရွိ ပညာေရးေကာလိပ္ (၇) ခုတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ေက်ာင္းတြင္းဆႏၵေဖာ္ထုတ္ေတာင္းဆုိခဲ့သည္။ ထိုေတာင္းဆိုခ်က္မ်ားကို ပညာေရးဝန္ၾကီးဌာနကျဖည့္ဆည္းေပးရာတြင္ B.A/B.Sc (Education) စာေပးစာယူသင္တန္းမ်ားဖြင့္မည့္ အစီအစဥ္ပါဝင္သည္။

 

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ဇြန္လကစတင္ကာ ပညာေရးတကၠသိုလ္ (၂) ခုတြင္ B.A/B.Sc (Education) စာေပးစာယူသင္တန္းမ်ား ထပ္တိုးဖြင့္လွစ္မည္ျဖစ္ၿပီး ပညာေရးေကာလိပ္မ်ားကိုလည္း ေလးႏွစ္သင္ပညာေရးဒီဂရီေကာလိပ္အျဖစ္ အဆင့္တိုးကာ B.A/B.Sc (Education) ဘဲြ႔သင္တန္းအျပင္ စာေပးစာယူသင္တန္းမ်ားထပ္မံဖြင့္မည္ျဖစ္သည္။

 

Source: 7Day News

News Read 17758 times