စတင်ရောင်းချပေးမည် ဖြစ်ကြောင်း Global World Insurance ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းသန့်ထံမှ သိရသည်။
Education Life အာမခံ ဝန်ဆောင်မှုအသစ်ကို ပြည်တွင်းရှိ အာမခံဝန်ဆောင်မှုလုပ်ငန်းအားလုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ယင်းအာမခံဝန်ဆောင်မှုပုံစံမှာ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိဝယ်ယူထားလိုသော ကျောင်းသား၊ ကျောင်းသူအတွက် စတင်အာမခံထားသည့် အတန်းမှ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်ထိ အာမခံထားရှိမည့်ငွေပမာဏကို အကြိမ်ခွဲပေးသွင်းရမည်ဖြစ်သည်။
အခု အာမခံကို လုပ်ဆောင်ရတာက မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအချိန်ထိ လူငယ်အများစုက အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့ရသည်အထိ ဆုံးခန်းတိုင်အောင်ပညာမသင်ကြားနိုင်တာတွေကို လေ့လာ တွေ့ရှိခဲ့ရတယ်။
ဒါကြောင့် အခုလို အာမခံကို ရောင်းချပေးဖို့ စီစဉ်တာပါ။ အာမခံငွေပမာဏကို အုပ်ထိန်းသူတွေ တတ်နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး လစဉ်ပေးသွင်းနိုင်ဖို့ ကျသင့်မယ့် ငွေပမာဏကို ခွဲပြီးသွင်းရမှာပါ။
ဒီအာမခံဝန်ဆောင်မှုအသစ်ကို စက်တင်ဘာလ လယ်လောက်မှာ စတင်ရောင်းချဖို့ရှိပါတယ်လို့ ဦးစိုးဝင်းသန့်က ပြောပါတယ်။
အဆိုပါ အာမခံကို ဝယ်ယူသည့် မိဘအုပ်ထိန်းသူများ အာမခံငွေပေးသွင်းနေသည့် အချိန်အတွင်းမတော်တဆသေဆုံးမှု ဖြစ်ပေါ်ခဲ့ပါက အာမခံစရိတ်ပေးသွင်းထားသည့်ငွေများကို ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်းသိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: မြ၀တီ