ပညာသင်ဆုများ ပေးအပ်မည့် ပညာရေးဆွေးနွေးပွဲ

ပညာသင်ဆုများ ပေးအပ်မည့် ပညာရေးဆွေးနွေးပွဲ

စီးပွားရေး၊ အင်ဂျင်နီယာ၊ ဖက်ရှင်ဒီဇိုင်း၊ ဆေးပညာ၊ အိုင်တီ၊ ဟိုတယ်နှင့်ခရီးသွား ဘာသာရပ်များအတွက် ပညာသင်ဆု လျှောက်ထားနိုင်မည့် စင်ကာပူ MDIS ၏ ပညာရေး ဆွေးနွေးပွဲ ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ သက်တမ်းအရှည်ဆုံးနှင့် အကြီးဆုံး ပုဂ္ဂလိကကျောင်းဖြစ်သည့် Management Development Institute of Singapore (MDIS) ၏ ၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ဆု လျှောက်ထားနိုင်ရန် ဆွေးနွေးပွဲ ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်၊ သောကြာနေ့နံနက်( ၁၀း၃၀)  မှ ညနေ(၄း၃၀)နာရီ အထိ အဆောင်(၅) ၊ အခန်း(၄)၊ MICT Park ၊ AT&S (Overseas Education Services) ရုံးခန်း၊ လှိုင်မြို့နယ်တွင် ကျင်းပပြု လုပ်မည်။

MDIS သည် စင်ကာပူနိုင်ငံရှိ ကျောင်းများထဲတွင် နှစ်ပေါင်း ၆၀ ခန့်ရှိ သက်တမ်း အရင့်ဆုံး ပုဂ္ဂလိက ကျောင်းကြီးဖြစ်ပြီး University of Portsmouth၊ University of Sunderland၊ Bangor University၊ Oklahoma City University၊ Teeside University နှင့် Coventry University များမှ  ပေးအပ်ချီးမြှင့်သော စီးပွားရေး၊ အင်ဂျင်နီယာ၊ ဟိုတယ်နှင့် ခရီးသွား၊ ဖက်ရှင်နှင့်ဒီဇိုင်း၊ ကျန်းမာရေးနှင့်ဆေးသိပ္ပံ၊ သတင်းနှင့် ဆက်သွယ်ရေး၊ စိတ်ပညာ၊ အိုင်တီနည်းပညာ စသည့် ဘာသာရပ်များကို တက်ရောက် ရယူနိုင်မည်ဖြစ်ပါသည်။

MDIS သည် ကြီးမားကျယ်ဝန်းသော ကျောင်းဝင်းကြီးထဲတွင် လက်တွေ့သင်ခန်းစာများအတွက် အရေးကြီးဆုံးအစိတ်အပိုင်းများဖြစ်သည့် Engineering Lab၊ Life Sciences Lab၊ Fashion Studio၊ Mass Communication Studio၊ Hospitality Training Center များ၊ စာကြည့်တိုက်များ၊ စာသင်ခန်းကျယ်ကြီးများ သာမက ကျောင်းသားများအတွက် နေထိုင်ရန်အဆောင်များပါ ပါရှိသော ကျောင်းကြီး ဖြစ်ပါသည်။

MDIS ကျောင်း၏ ပညာသင်ဆု၊ ဘာသာရပ်ဆိုင်ရာ ကင်းလွတ်ခွင့်များအကြောင်း၊ ကျောင်းလျှောက်ရန် ပြင်ဆင်ထားရမည့် စာရွက်စာတမ်းနှင့် အချက်အလက်များ၊ အင်္ဂလိပ်စာ သတ်မှတ်ချက်များနှင့် ကျောင်းမှ ပေးအပ်မည့် ၀န်ဆောင်မှုများ အကြောင်း၊ ကျောင်းပြီးသည့်နောက် အလုပ်အကိုင် အခွင့်အလမ်း အကြောင်းတို့ကို MDIS ၏ Country Manager ဖြစ်သူ Ms. May Thein Win မှ တစ်ဦးချင်း ဆွေးနွေးပေးမည် ဖြစ်သည်။

ဆက်သွယ်ရန် အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း (၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

News Read 1558 times